- အခေါၚ်အရာ သၟာကမၠောန် ပ္ဍဲဍုၚ်သေံတံ သ္ဂောံကဵုမာဲ။
- ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မဲပေးပိုင်ခွင့် (၂၀၂၀)
လၟေၚ်ကမၠောန်မဟာဇန် ချဳဒရာၚ် ပေဲါရုဲမာဲ (၂၀၂၀) သွက်ဂွံဗၠးၜးနွံဓရ်ဍာံ" (Civic Action for Free and Fair Elections 2020) ဝွံစိုပ်အာ လ္ပာ်ဍုၚ်သေံတုဲ လ္ၚတ်အကာဲအရာ သၟာကမၠောန်မန်ကီု သၟာကမၠောန်ဂကူတၞဟ်ဟ်တံကီု မုဟိုတ် ညးတံ စုတ်မာဲ ဟွံမာန်ဂှ်ရ။ ပၞောဝ်ရံၚ်ကဵု လၟိဟ်မၞိဟ်ဂမၠိုၚ်တှေ် ညးစုတ်မာဲဂှ် အောန်တဴ ဗွဲမလောန်ရ။
မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ် သြဂုတ်လ (၁) ရက်နေ့ အထိ အလုပ်သမား၊ လူဝင်ကြီးကြပ်မှုနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း (၅၄ ၇၆၈ ၆၁၄) ဦး ရှိသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်အထိ မဲဆန္ဒရှင်ဦးရေ (၃၇. ၄) သန်းရှိသည်ဟု ဆိုသည်။ ထိုမဲပေးသူစာရင်းတွင် မြန်မာနိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် လူဦးရေ (၄) သန်း၏ စာရင်းလည်း ပါဝင်နေပေသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံရောက် နိုင်ငံသား အများအပြား မဲပေးခွင့် ဆုံးရှုံးကြရပေသည်။ မဲဆန္ဒရှင် ၆၀၀ကျော်ခန့်သာ ကြိုတင်မဲ ပေးနိုင်ခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲပေးရန် သတင်းအချက်အလက်များ ၎င်းတို့ထံ မရောက်ရှိခြင်း၊ ထိုင်းနိုင်ငံ တနိုင်ငံလုံးတွင် ပြန့်နှံ နေထိုင်ခြင်းနှင့် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခြင်း မရှိခြင်းတို့ကြောင့် (၂၀၁၅) ရွေးကောက်ပွဲတွင် အလုပ်သမားအများစု မဲပေးခွင့် မရှိပေ။
ထိုင်းနိုင်ငံအတွင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ အလုပ်သမားများ တရားဝင်နေထိုင်ခြင်း မရှိစေရန် ထိုင်းအစိုးရမှ ကြိုးစားဆောင်ရွက်ခဲ့ပေသည်။ ၂၀၁၇ – ၂၀၁၈ အလုပ်သမားအားလုံး တရားဝင် မှတ်ပုံတင်ရန် အစိုးရမှ စီစဉ်ဆောင်ရွက်ခဲ့ပေသည်။ အလုပ်သမားများ၏ နိုင်ငံသားစီစစ်ရေးလုပ်ငန်းများကို ဆောင်ရွက်စေကာ အချို့သော အလုပ်သမားများအား မိမိတို့ သက်ဆိုင်ရာနိုင်ငံသို့ ပြန်စေကာ အလုပ်သမားများ အရားဝင် ဝင်ရောက်ခြင်း နှစ်နိုင်ငံသဘောတူညီချက် (MOU)ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်ဝင်ရောက်စေသည်။ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံ အလုပ်သမားများသည် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များနှင့် အလုပ်ပါမစ် ( work permits) များဖြင့် နေထိုင်နိုင်ပြီး ဖြစ်သည်။ (၂၀၂၀) ရွေးကောက်ပွဲတွင်လည်း ထိုင်းနိုင်ငံအတွင်း ရှိနေသည့် အလုပ်သမားများ မဲပေးနိုင်သည့် အနေအထား ရှိနေပေသည်။ သို့သော် ကိုဗစ်ရောဂါကပ်ဆိုးကြောင့် လည်းကောင်း၊ အလုပ်သမားများ မဲပေးနိုင်သည့် အနေအထားအား ဖန်တီပေးခြင်း မရှိခြင်းတို့ကြောင့် အနည်းဆုံး တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်သမား (၁) သန်းခွဲခန့်မှာ မဲပေးပိုင်ခွင့် မရှိခဲ့ပေ။
ထို့ကြောင့် CAFFE စီမံကိန်းမှ ၎င်းတို့နှင့် တွေ့ဆုံမေမြန်းခြင်း ပြုလုပ်ခဲ့ကား ၎င်းတို့ မဲပေးရာတွင် အခက်ခဲများစွာ ကြုံတွေ့ခဲ့ရကြောင်းနှင့်ပတ်သက်ပြီး လေ့လာသိရှိရသည်။ ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံမေးမြန်းခြင်းများအပေါ်အခြေခံ၍ CAFFE စီမံကိန်းမှ “မေ့လျော့ခံရသော နိုင်ငံသားများ”ခေါ် အစီရင်ခံစာကိုလည်း ထုပ်ဝေခဲ့သည်။