ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း (၂၀၂၀)

0
  • လၟေၚ်ကမၠောန် ရံၚ်စံၚ်ပေဲါရုဲမာဲ။
  • ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း (၂၀၂၀)

လၟေၚ်ကမၠောန်မဟာဇန် ချဳဒရာၚ် ပေဲါရုဲမာဲ (၂၀၂၀) သွက်ဂွံဗၠးၜးနွံဓရ်ဍာံ" (Civic Action for Free and Fair Elections 2020) ဝွံ ကၠာဟွံဂွံကၠောန်ဗဒှ်ပေဲါရုဲမာဲကီု ပ္ဍဲတ္ၚဲပေဲါရုဲမာဲကီု ပေဲါရုဲမာဲတုဲကီု ဂွံလ္ၚတ်ပရူစုတ်မာဲဏံ တပ်တးဟာ။ နွံဓရ်ဍာံဟာ။ ကေတ်တၚ်နၚ်တုဲ ချူပတိတ် လိက်ဒုၚ်စဳရေၚ် မွဲကၞပ်ဂှ် ချူလဝ် ဘာသာအၚ်္ဂလိက်ကဵု ဘာသာဗၟာရ။ ကေတ်ပ္ဍဲ Link သၟဝ်တုဲ ဗှ်မံၚ်ရ။

လွတ်လပ်ပြီး တရားမျှတသော (၂၀၂၀) ရွေးကောက်ပွဲအတွက်လူထုလှုပ်ရှားမှုအစီအစဉ် (CAFFE) သည် မွန် CSOs များဖြစ်ကြသည့် Remonnya Institute for Civic engagement (RICE), Jee- pyah Civil Society Development Organization (JCSDO), Mon Youth Progressive Organization (MYPO), Konhongsar and Human Rights Foundation of Monland (HURFOM) တို့ပူပေါင်းပြီး မဲဆန္ဒရှင်အသိပညာပေးသင်တန်း၊ လူထုတွေ့ဆုံဆွေးနွေးပွဲများနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး စသည့်ကဏ္ဍများတွင် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

CAFFE စီမံကိန်း အဓိကပစ်မှတ်ထားသော ဒေသများမှာ မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သည့် မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ် (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့ ဖြစ်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် နိုင်ငံရေးပါတီများအား ၄င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ စတင်ခွင့်ပြုသည့်နေ့ရက်ကို ကြေငြာပြီးနောက် CAFFE စီမံကိန်းသည် စက်တင်ဘာလ (၂၀၂၀) အစောပိုင်းတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု စတင်ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးစတင်ခဲ့သည့် ကာလမှစတင်ပြီး (၂၀၂၀) နိုဝင်ဘာလ (၆) ရက်နေ့အထိ CAFFE စီမံကိန်းအဖွဲ့ဝင်များသည် လေ့လာသူ (၂၄) ဦးခန့်ထားရှိပြီး COVID 19 ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှာမှုများကို လေ့လာခဲ့သည်။ မြန်မာနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံတို့တွင် ကြိုတင်မဲပေးရေးကိစ္စနှင့်ပတ်သက်ပြီး လေ့လာခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ မြို့နယ် (၁၄) မြို့နယ်မှ လူအယောက် (၁၅၀) ကို ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားအမြင်များကို သိရှိအောင် တွေ့ဆုံမေးမြန်းခဲ့သည်။

နိုဝင်ဘာ (၈) ရက်နေ့ (၂၀၂၀) ရွေးကောက်ပွဲနေ့၌ CAFFE စီမံကိန်းအဖွဲ့ဝင် အချို့သည် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်တွင် အခြားမွန် (CSOs) များနှင့်အတူ မှတ်ပုံတင်ခဲ့ကြပြီး ရွေးကောက်ပွဲနေ့ကို စောင့်ကြည့် လေ့လာခွင့်ရခဲ့သည်။ ထို့နောက် လူ (၅) ဦးကို သင်တန်းပို့ချခဲ့ပြီး စုစုပေါင်း လူအယောက် (၅၀) ကို တွေ့ဆုံမေးမြန်းခဲ့သည်။ ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မဲရုံများတွင် ဝင်ရောက်ခွင့်ရှိသည့်နိုင်ငံရေးပါတီများ၏ ကိုယ်စာလှယ်များကိုလဲ တွေ့ဆုံမေးမြန်းခဲ့သည်။ Election Day Observation Form (ရွေးကောက်ပွဲ့နေ့ လေ့လာမှု ပုံစံ) တွင် အပိုင်း (၃) ပိုင်းနှင့်အတူ စုစုပေါင်းမေးခွန်း (၂၈)ခု ပါရှိသည်။ စောင့်ကြည့်လေ့လာသူများသည် မြို့နယ် (၁၄) မြို့နယ်ရှိ မဲရုံအသီးသီးတွင် ရွေးကောက်ပွဲဖြစ်စဉ်ကို စောင့်ကြည့်လေ့လာသူ အယောက် (၅၀) ကို မေးမြန်းခဲ့ပြီး တစ်မြို့နယ်တွင် အနည်းဆုံး (၃) ဦးမှ (၄) ဦး အထိ ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် CAFFE စီမံကိန်းအဖွဲ့သည် မဲရေတွက်ခြင်းနှင့်ရွေးကောက်ပွဲရလဒ်များ၏ ပဋိပက္ခအခြေအနေများကို စောင့်ကြည့်လေ့လာခဲ့သည်။ ထို့ကြောင့် စီမံကိန်းအဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ သတင်းနှင့် အချက်အလက်များကို စောင့်ကြည့်ရယူခဲ့သည်။ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ တိုင်ကြားချက်နှင့် အငြင်းပွားမှုများမရှိခဲ့ပေ။ သို့သော် နိုင်ငံရေးပါတီအချင်းချင်းကြား အငြင်းပွားမှုများ ရှိခဲ့ပါသည်။ တစ်နိုင်ငံလုံး COVID-19 အကျပ်အတည်း ကြုံတွေ့နေရချိန်တွင် မဲဆန္ဒရှင်များသည် COVID 19 ကူးစက်ရောဂါ ပြန့်နှံ့သည့်ကြားမှပင် မဲပေးနိုင်ရန် ပြင်ဆင်ခဲ့ကြသည်။ ထို့အပြင် CAFFE စီမံကိန်း၏ ရွေးကောက်ပွဲလေ့လာသူများသည် ၎င်းတို့၏ ခရီးသွားလာရေးနှင့်  ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာရန် အလွန်ဂရုစိုက်ခဲ့ကြသည်။

ဤအစီရင်ခံစာသည် ရွေးကောက်ပွဲမတိုင်မှီ၊ ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲအပြီးအခြေအနေများကို လေ့လာဆန်းစစ်သုံးသပ်ထားခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲနေ့မှ စစ်တမ်းကောက်ယူခြင်းနှင့် သုတေသနပြုလုပ်ထားခြင်းမှ ရရှိသည့်သတင်းအချက်အလက်များအား ကိန်းဂဏန်းနှင့် ရာခိုင်နှုန်းများဖြင့် ဖော်ပြထားသည်။ သုတေသနအခြေအနေ ခွဲခြမ်းစိတ်ဖြာမှုနှင့် မီဒီယာကိုးကားမှု သတင်းအချက်အလက်များကိုလည်း ဖော်ပြထားသည်။ အချို့သော ဂရပ် (Graph) နှင့် မြေပုံများကို CAFFE စီမံကိန်း၏ ယခင်အစီရင်ခံစာနှင့် အခြားအဖွဲ့အစည်းများ၏ အစီရင်ခံစာများမှလည်း ရယူထားပါသည်။

Download  full report in PDF 

 

 

Share.

About Author

Leave a Reply