အခြားမြန်မာနိုင်ငံတောင်ပိုင်း မူဝါဒဆိုင်ရာသုတေသနလုပ်ငန်းများ

0

  • လၟေၚ်ကမၠောန် သုတေသန တၞဟ်ဟ် ပ္ဍဲဒေသဍုၚ်ဗၟာ သကုတ်သၠုၚ်ကျာဂမၠိုၚ်
  • အခြားမြန်မာနိုင်ငံတောင်ပိုင်း မူဝါဒဆိုင်ရာသုတေသနလုပ်ငန်းများ

 

  • သုတေသန မူဝါဒ ဂဥုဲၜူမာဲ။ မူးယစ်ဆေးဝါး မူဝါဒဆိုင်ရာ သုတေသန

ပ္ဍဲကဵုကၟိန်ဍုၚ် သ္ကုတ်သၠုၚ်ကျာ (တွဵုရးဍုၚ်ကရေၚ်၊ တွဵုရးဍုၚ်မန် ကေုာံ ရးတနၚ်သဳ) ဏံဂှ်တှေ် ကြဴနူကဵု ဒေံါပန်ပှော် နူကဵု သၞာံ ၂၀၁၂ တုဲဂှ် ပရူကူသာန်သွံရာန် ဂဥုဲၜူမာဲတံ ဂၠိုၚ်တိုန်ရ။ ကွးဘာကဵု သၟတ်တံ ဒးဘဲ လုက်စုက်ဒးကဵု ဂဥုဲၜူမာဲဂၠိုၚ်ရ။ ဆဂး မူဝါဒ ဗတိုက်သရုပ်ဂဥုဲၜူမာဲ ချိုတ်တ်ပၠိုတ်တ် ဟွံမွဲတုဲ ပြသၞာဂဥုဲၜူမာဲဂှ် သှေ်ဇးဒၟံၚ် ဇၞော်ကဵုဒြဟတ်ရောၚ်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဦးသိန်းစိန် အစိုးရနှင့် နှစ်ဖက် သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းရှိ တချို့ဒေသများတွင် ငြိမ်းချမ်းသော အခြေအနေများရှိသော်လည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ တိုးပွားလာသည်ကို တွေ့ရှိရသည်။ မူးယစ်ဆေးဝါးအများစုမှာ (အမ်ဖိတမင်း) အမျိုးအစားများဖြစ်ပြီး ကောင်းမွန်သော ကွန်ယက်တစ်ခုမှ ဖြန့်ဝေ ရောင်းချနေခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု အားနည်းနေသည့် အချိန်တွင် မြန်မာစစ်တပ်သို့ လက်နက်ချသည့် လက်နက်ကိုင် အဖွဲ့ အများအပြားသည် ပြည်သူ့စစ် အဖွဲ့များအဖြင့် အခြေချ ရပ်တည်လာခြင်းကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများတွင် ပိုမိုများပြားလာသည်။ ပြည်နယ်အစိုးရအဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု ကွန်ယက်များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ထိုသို့ ဆိုးရွားသည့် ဆိုးကျိုးများကို ခံစားရသူများမှာ လူငယ်များ၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားများနှင့် တက္ကသိုလ် ကျောင်းသားများပင် ဖြစ်သည်။ သူတို့သည် မူးယစ်ဆေးဝါးများကို လွယ်ကူစွာရရှိပြီး ရပ်ရွာရှိ နေရာအနှံ့အပြားတွင် သုံးစွဲနေကြသည်။ နောက်ထပ် သက်ရောက်မှုများမှာ ၎င်းတို့၏ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းများပင် ဖြစ်သည်။ အထက်တန်းရှိ ကျောင်းသားများစွာသည်မူးယစ်ဆေးစွဲသူအဖြစ် ၎င်းတို့၏ မိဘများနှင့် ဆရာများက သိရှိသွားချိန်တွင် ကျောင်းမှ နုတ်ထွက်ခဲ့ရသည်။ အချို့သည် မူးယစ်ဆေးစွဲသူများနှင့် ရောင်းဝယ်သူများ ဖြစ်လာသောကြောင့် ကျောင်းနှင့် အလုပ်များမှ နုတ်ထွက်ခံခဲ့ရသည်။ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကျောင်းသားများနှင့် လူငယ်အများအပြားသည် စိတ်ပိုင်းဆိုင်ရာ ကုသရေး ဆေးခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ မွန်ပြည်သစ်ပါတီသည်လည်း လူငယ်များနှင့် ကျောင်းသားများကို ၎င်းတို့၏ ခရိုင် အုပ်ချုပ်ရေး ဒေသတွင် ဖွင့်လှစ်ထားသည့် ပြန်လည်ထူထောင်ရေးစခန်း (၃) ခုတွင် ကုသမှုခံယူရန် ကူညီခဲ့သည်။

မူးယစ်ဆေးဝါး မူဝါဒ ဆိုင်ရာ သုတေသန၏ ရည်ရွယ်ချက်မှာ

  • နိုင်ငံတကာ အစိုးရများနှင့် မြန်မာနိုင်ငံရှိ အိမ်နီးချင်းနိုင်ငံများမှ ချမှတ်ထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီး သုတေသန စာတမ်းများအဖြစ် မှတ်တမ်းတင်ရန်။
  • အစိုးရ၏ အုပ်ချုပ်မှု ယန္တရားနှင့် ရပ်ရွာများတွင် မည်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒမျိုး ရှိသင့်သည်ကို သိရှိရန်အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပါဝင်သူများ၊ ကျွမ်းကျင်သူများ၊ ရပ်ရွာ လူထုများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်။
  • တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်များအား ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် အထောက်အကူ ဖြစ်စေသော အကြံပြုချက်များနှင့် မူဝါဒများကို မျှဝေပေးရန်။
Share.

About Author

Leave a Reply