သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ သုတေသန

0

 

  • လၟေၚ်ကမၠောန် သုတေသန မူဝါဒပွဳပွူသဘာဝ
  • သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ သုတေသန

ပ္ဍဲသက္ကရာဇ် ၂၀၁၈ ကဵု ၂၀၁၉ ဂှ်တှေ် တွဵုရးဍုၚ်မန်ကီု ဒေသတၞဟ်ဟ် ပ္ဍဲကဵုဍုၚ်ဗၟာ သ္ကုတ်သၠုၚ်ကျာဏံဂှ် ဒးအာဘဲဍာ်ဇၞော် ဇၞော်ကဵု ဒြဟတ်တုဲ ဒဵုလာ်၊ တိသရိုဟ် ကေုာံ ကၠအ်သွဝ်လီုလာ်ရ။ သွက်ဂွံထိၚ်ဒဝ်အာ ပွဳပွူသဘာဝဂှ် ပၟိက်ဇၞော်တဴ ဗွဲမလောန်တုဲ မူဝါဒ ဗီုလဵု ဒးနွံထေက်ဂှ် သွက်ဂွံလ္ၚတ်ကီုရ။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အပြင်းအထန် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် စိုက်ပျိုးမြေများ ပျက်စီးခြင်း ကဲ့သို့သော ပြင်းထန်သော ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပွားခဲ့သည်။ ပြင်းထန်သော ရေကြီးရေလျှံခြင်း၏ အဓိက အကြောင်းအရင်းမှာ ဒေသအတွင်း သစ်တောပြုန်းတီးခြင်းနှင့် တစ်သီးသီး စိုက်ခင်းများကြောင့် ဂေဟစနစ်ကို ဖျက်ဆီးစေခဲ့သည်။ ရေကြီး ရေလျှံမှုများ ကြုံတွေ့ပြီးနောက် ရွာသူရွာသားများသည် ၎င်းတို့၏ ရပ်ရွာများ (သို့မဟုတ်) ဘေးပတ်ဝန်းကျင်များတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း သိရှိလာကြသည်။ မွန်ပြည်နယ်အစိုးရ အရာရှိများကလည်း မွန်ပြည်နယ်တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သဘောတူ လက်ခံခဲ့ကြသည်။

ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ

  • ကမ္ဘာကြီး ပူနွေးလာမှုနှင့် ၎င်း၏ သက်ရောက်မှုများ အပေါ် သုတေသနပြုခြင်းနှင့် ရပ်ရွာ လူထုအား ပညာပေးရန်။
  • ရေရှည်တည်တံံ့ ခိုင်မြဲရေးနှင့် သဘာပတ်ဝန်းကျင် တိုးတက်ရေးအတွက် ဗဟုသုတများနှင့် ပတ်သက်၍ ရပ်ရွာလူထုများကို ပံ့ပိုးပေးရန်။
  • တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်များအား ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် အကောင်အထည်ဖော်မှုအတွက် အထောက်အကူ ဖြစ်စေသော အကြံပြုချက်များနှင့် မူဝါဒများကို မျှဝေပေးရန်။

Share.

About Author

Leave a Reply