ပြည်နယ်နှင့်ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာရေး စီမံကိန်း

0

  • လၟေၚ်ကမၠောန် လ္ၚတ်သၞောတ်ဝ် ဒက်ပတန်တွဵုရး ကေုာံ ကၟိန်ဍုၚ်ဖေဝ်ဒရေဝ်
  • ပြည်နယ်နှင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရေးအစီအစဉ်
ပရူပရာ လၟေၚ်ကမၠောန်၊ အစီအစဉ် ဖော်ပြချက်

ပ္ဍဲကၟိန်ဍုၚ်ပိုဲတံဝွံ ကောန်ဍုၚ်အရေၚ် ဗွဲမဂၠိုၚ် တန်တဴမံၚ်စံၚ်ကၠုၚ် ဗွဲမလအ်လကာဖာတုဲ ပြသၞာပရေၚ်ဍုၚ်ကွာန်လေဝ် ဂၠိုၚ်တဴဗွဲမလောန်ရ။ ယဝ်ရ က္လေၚ်သ္ၚဳဂၠိပ်ရံၚ် သၞောတ်ဝ်ဒက်ပတန်ဍုၚ်ဏံဂှ် ကၠာဟွံဂွံဗၠးၜးဂှ် သၞောတ်ဝ်ဒက်ပတန်ဍုၚ် (၁၉၄၇) နွံကၠုၚ်တုဲ ပတဝ်လဝ်က္ဍိုပ်ကဵု ကၟိန်ဍုၚ်ဖေဝ်ဒရေဝ်ရ။ ဆဂး ပ္ဍဲအရာဒက်ပတန်ကၟိန်ဍုၚ်ဂှ် ဂကူမန်၊ ဂကူကရေၚ်၊ ဂကူရခေၚ်တံ ဟွံပါလုပ်တုဲ ဟွံဍိုက်ပေၚ်ရ။ အဃော ကောန်ဂကူကောန်ဍုၚ်အရေၚ်တံ အာတ်မိက်ဒၟံၚ် သွက်ဂွံဒက်ပတန် ကၟိန်ဍုၚ်ဖေဝ်ဒရေဝ် (Federal) ဇေတ်တ်ဂှ် သ္ကိုပ်ပၞာန်ဗၟာ ‘နေဝေန်’ သီအဝဵု ပ္ဍဲသက္ကရာဇ် (၁၉၆၂) တုဲ ပလီုထောံသၞောတ်ဝ် (၁၉၄၇) တုဲ အုပ်ဓုပ်ဍုၚ်ကွာန် ဟွံမွဲကဵုသၞောတ်ဝ် ဗၞတ် (၁၂) သၞာံပြၚ်တုဲ ခၞံဗဒှ်ပတို်န်သၞောဝ် (၁၉၇၄) ပတဝ်ဏာက္ဍိုပ် သၞောတ်သဵုယှေဝ်လေတ်တၠအဝဵုရ။ (၁၉၈၈) ဂှ် ကွးဘာတံ တိတ်ဂၠံၚ် ထ္ၜးဆန္ဒတုဲ သၞောတ်ဝ်ဂှ်လီုအာပၠန်ရ။ သ္ကိုပ်ပၞာန်ဗၟာတံဆက်အုပ်ဓုပ်ဍုၚ် ဗၞတ် (၂၀) သၞာံပြၚ်တုဲ ခၞံဗဒှ်သၞောတ်ဝ် (၂၀၀၈) ပတဝ်ဏာက္ဍိုပ် ကဵုဒပ်ပၞာန်ဗၟာတံ ဂွံအဝဵုပရေၚ်ဍုၚ်ကွာန်ရ။

ဆဂး လပအ် ကောန်ဍုၚ်အရေၚ်တံ သွက်ဂွံဒက်ပတန်အာ ကၟိန်ဍုၚ်ဖေဝ်ဒရေဝ် (Federal Constitution) ဂှ် နွံပေၚ်ၚ်တုဲ တွဵုရးညးကဵုညး သွက်ဂွံချူသၞောတ်ဝ်တွဵုရးညးကဵုညးရ။ လ္ၚတ်ကေတ် အတိုၚ်ဗွဲသၟဝ်ညိအဴ။

တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြသနာများစွာနှင့် ကြုံတွေ့နေရသည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် ၁၉၄၈ ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ရပြီး အချိန်မှ စ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အကြပ်အတည်းများစွာ ရှိသည်။ မြန်မာ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နယ်ခြားဒေသရှိ တိုင်းရင်းသား ခေါင်းဆောင်များကြားတွင် လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ အသစ် ထူထောင်ရန်နှင့် ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့အကြား တန်းတူသော အာဏာခွဲဝေမှုရရှိရန် သဘောတူခဲ့ သော်လည်း မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး မတိုင်မီ လုပ်ကြံခံရသည်။ သို့သော် ကျန်ရှိနေသည့် ခေါင်းဆောင်များသည် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြု ရေးဆွဲခဲ့သည်။ (See the link in RESOURCE).

မြန်မာ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း၏ စစ်တပ် အာဏာသိမ်းယူမှုအပြီးတွင် မြန်မာနိုင်ငံ၏ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ဖျက်သိမ်းခဲ့သည်။ မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းသည် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအစား ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး အတည်ပြုခဲ့သည်။ ယခင်က တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်နှင့် သဘောတူမှု ရရှိထားသည့် ပြည်ထောင်စုသည်လည်း ပျက်ပြယ်ခဲ့သည်။ စစ်အစိုးရသည် တိုင်းရင်းသားခေါင်းဆောင် ဖမ်းဆီးကာ လူမျိုးစုများအာာ တိုက်ခိုက်ခဲ့ပေသည်။ နောက်ဆုံးတွင် ချင်း၊ ရှမ်း၊ ကရင်နီနှင့် ကချင် လူမျိုးများသည် ကိုယ်ပိုင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကို ဖွဲ့စည်း၍ ဗဟိုအစိုးရ (တော်လှန်ရေးကောင်စီ) ကို တော်လှန်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူထုအုံကြွမှုကြီး ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ် (တပ်မတော်) သည် ပြည်သူလူထုထံမှ အာဏာကို ပြန်လည်ရယူခဲ့သည်။ ဒီမိုကရေစီကို လိုလားသော ကျောင်းသားများသည်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် ပူးပေါင်းပြီး စစ်အစိုးရကို တော်လှန်ခဲ့ကြသည်။

၁၉၉၀ ပြည့်နှစ်များအတွင်း ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ရှေ့နေများသည် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကိုကြည့်ပြီး တိုင်းရင်းသား လူမျိုးများ၏ မတူကွဲပြားမှုနှင့် ဒီမိုကရေစီမူများအပေါ် အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရန် စဉ်းစားခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် တိုင်းရင်းသား လူမျိုးများသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ပိုင်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့၏ တိုင်းရင်းသား ပညာရှင်များ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်များနှင့်အတူ ဆွေးနွေးခဲ့ကြသည်။

ထို့ကြောင့် မြန်မာလူမျိုးစုများမှ အပ အဓိက တိုင်းရင်းသားလူမျိုးစု (၇) မျိုးစုတို့ မှာ ၎င်းတို့၏ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူမျိုးရေး တန်တူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အခြေခံ၍ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်ရန် အသင့်ဖြစ်နေသည်။

ဤ စီမံကိန်း၏ရည်ရွယ်ချက်များမှာ

  • လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန်းစစ်လေ့လာခြင်းနှင့် ဒေသန္တရ အစိုးရများအား ဒီမိုကရေစီနှင့် အာဏာခွဲဝေမှု
    ပိုမို၍ ခိုင်မာလာအောင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရန် တိုက်တွန်းခြင်း။
  • ကမ္ဘာပေါ်တွင် ရှိနေသည့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံနှင့် ယင်းတို့၏ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံ တည်ဆောက်ခြင်းအပေါ် သုတေသနပြုခြင်း၊ ဤဗဟုသုတများကို ပြည်သူလူထုနှင့် ဥပဒေပြုသူများအား ပံ့ပိုးပေးခြင်း။
  • ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ဖက်ဒရက်ပြည်ထောင်စုတွင်း သင့်လျော်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထု တွေ့ဆုံပွဲနှင့် ဆွေးနွေးပွဲ စကားဝိုင်းများ ကျင်းပခြင်း။ ပြည်သူလူထုတို့ ၏ အမြင်ကို ရယူခြင်းတို့ ပြလုပ်သွားခြင်း။

အောက်ဖော်ပြပါ ဖက်ဒရယ်ပြည်ထောင်စု နှင့် မွန်၊ ကရင်နှင့် တနင်္သာရီလူမျိုးစုများ ပြည်နယ်တို့ အား ရယူနိုင်ပါသည်။

Share.

About Author

Leave a Reply