ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း (၃)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ငံရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၉) ရက်မှ (၂၁) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ ဤညီလာခံကြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) က အဆိုပြု တင်သွင်းလာသော အဆိုပြုချက်များအပေါ် ညှိနှိုင်းဆွေးနွေးပြီး ရရှိလာ သည့် အဆိုပြုချက်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် သဘောတူမှု ရရှိခဲ့ပါသည်။
၃။ ဤညီလာခံကြီးတွင် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃)တွင် အောက်ပါအတိုင်း သဘောတူညီချက် (၂၀) ချက်နှင့် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်အလိုက် အကောင်အထည်ဖော်မှုများကို ရရှိခဲ့သည် –
(က) အပိုင်း(၁)၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၅) ချက် (နောက်ဆက်တွဲ – က)
(ခ) အပိုင်း (၂)၊ ၂၀၂၀ အလွန် အဆင့်အလိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား – ၁) (နောက်ဆက်တွဲ – ခ)
(ဂ) အပိုင်း (၃)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက် (၅) ချက် (နောက်ဆက်တွဲ – ဂ)
၄။ အထက်ပါ သဘောတူညီချက်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အပိုဒ် ၂၀ (င)အရ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃)အဖြစ် ဤပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးကြပါသည်။
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ စာမျက်မှာ (၂)
၁။ ဒေါက်တာ တင်မျိုးဝင်း …………………………………….
အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်
၂။ ဒေါက်တာ မေဝင်းမြင့် ……………………………………
လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်
၃။ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ……………………………………
တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ်
၄။ ဒေါက်တာ လျန်မှုန်းဆာခေါင်း ……………………………………
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ
အစုအဖွဲ့ကိုယ်စားလှယ်
၅။ ဦးသုဝေ …………………………………….
နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်
ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၃)၏ စာမျက်မှာ (၃)
အသိသက်သေများ
(ဦးထုံဖူးဒဂုဏ်) (ဦးကျောက်ဝင်း)
တိုင်းရင်းသား ကိုယ်စားလှယ် ပါဝင်သင့်ပါဝင်ထိုက်သူများကိုယ်စားလှယ်
အစိုးရအစုအဖွဲ့ အစိုးရအစုအဖွဲ့
(ကျာရှာမွေ) (ဒေါ်ခင်မမချိုး)
တိုင်းရင်းသား ကိုယ်စားလှယ် ပါဝင်သင့်ပါဝင်ထိုက်သူများ ကိုယ်စားလှယ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
အစုအဖွဲ့ အစုအဖွဲ့
(ဦးဇီခန်ရမ်) (နန်းအေးအေးသွယ်)
တိုင်းရင်းသား ကိုယ်စားလှယ် ပါဝင်သင့် ပါဝင်ထိုက်သူများကိုယ်စားလှယ်
နိုင်ငံရေးပါတီများ အစုအဖွဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့
ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)၏ နောက်ဆက်တွဲ (က)
အပိုင်း(၁)
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်
( ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်)
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။
၂။ ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်း မပြုဘဲ တန်းတူရည်တူ အခွင့်အရေး ရရှိစေရန်။
၃။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရန်၊ နိုင်ငံရေးနှင့် ဘာသာရေးရောယှက်ခြင်း မရှိသည့် နိုင်ငံတော်ကို ထူထောင်ရန်။
၄။ ငြိမ်းချမ်းရေးဆွေးနွေးဘက်များအကြား ဝိဝါဒကွဲပြားမှုများကို ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရန်။
၅။ ဤသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် နှစ်ဖက်အပြန်အလှန်ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းစသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်၊ ဖြစ်ထွန်းလာမည့် တိုးတက်မှုများကို တစ်ဖက်နှင့်တစ်ဖက် အခွင့်အရေးမယူဘဲ သဘောတူစာချုပ်ပါ ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်။
၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု တစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် ပြည်သူလူထု၏ ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်။
၇။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါရှိသည့်အချက်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်နေသောအချက်များကို ဖော်ထုတ်ပြီး သက်ဆိုင်သည့် အစုအဖွဲ့အကြား ဘုံတူညီသော နားလည်မှုများ၊ ဖွင့်ဆိုချက်များ ရရှိစေရေး အကျေအလည် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားရန်။
၈။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)တို့၏ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ကော်မတီများအတွင်း ပြန်လည်ဆွေးနွေးပြီး ပိုမို ထိရောက်ခိုင်မာစေရေးအတွက် နှစ်ဖက်ညှိနှိုင်းသဘော တူညီချက်ဖြင့် လိုအပ်သလို ဆောင်ရွက်ရန်။
၉။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယည်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှု ကိုလက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံတိုဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်။
မှတ်ချက်။ ပြည်ထောင်စုလက္ခဏာ ဆိုသည်မှာ စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စုဖြစ်သည်။
၁၀။ NCA ပါနှစ်ဖက်တွေ့ဆုံ ဆွေးနွေးရန် လိုအပ်သည့်အချက်များကို နှစ်ဖက်တပ်များ တွေ့ဆုံဆွေးနွေးသွားရန် သဘောတူသည်။
၁၁။ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ရေးအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင် လုံမှသဘောတူ ရရှိလာသည့် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်အလိုက် အကောင်အ ထည်ဖော်မှုများဖြင့် နှစ်ဖက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။
၁၂။ (က) ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ်၏ မူလသဘောတူညီချက်များ၊ တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ အခြေခံမူများ၊ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့် သွေဖည်မှု မရှိစေရေး အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA – S EAO တို့မှ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ယန္တရား တစ်ရပ်ကို နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန်။
(ခ) ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (NCA အပိုဒ် ၃ဝနှင့် အညီ) ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်းနှင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အတွက်ယန္တရားတစ်ရပ်ကို နှစ်ဖက်ညှိ နှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။
(ဂ) ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ (NCA အပိုဒ် ၃ဝနှင့်အညီ) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ဟန်ချက်ညီ ဖော်ဆောင် သွားရန်သဘောတူသည်။
၁၃။ ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင်လည်းကောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀ ပါ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်ရမည်။
၁၄။ NCA ပါ သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် NCA အရ တရားဝင်ဖွဲ့ စည်းထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတို့၏ ပုံမှန်အစည်းအဝေးများကို သတ်မှတ်ချက်အတိုင်း ကျင်းပပြုလုပ်ပြီး နှစ်ဖက်သဘောတူညီချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် Bilateral အစည်းအဝေးများကိုလည်း Parallelပြုလုပ် ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူသည်။
၁၅။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံတွင် ရရှိသော သဘောတူညီချက်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား UPDJC က လိုအပ်သလို ညှိနှိုင်းပြင်ဆင်ရန် သဘောတူသည်။
ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) ၏ နောက်ဆက်တွဲ(ခ)
အပိုင်း (၂)
၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ (ဇယား – ၁)
(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်)
ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး |
ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာများ
|
အကောင်အထည်ဖော်မှုအဆင့်များ |
||
နိုင်ငံရေးအရစေ့စပ်ညှိနှိုင်းမှု
|
နည်းပညာ
ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု |
အကောင်အထည် ဖော်မှု
|
||
(အဆင့်- ၁)
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာ အခြေခံများတည်ဆောက်ရေး |
၁။ ဖက်ဒရယ် တည်ဆောက်ရေး
၂။ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး ၃။ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ၄။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ၅။ မြေယာနှင့် သယံဇာတ ၆။ ဒီမိုကရေစီ တည်ဆောက်ရေး ၇။ လူမှုသဟဇာတ ဖြစ်ရေး ၈။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး (NCA အပိုဒ် ၃ဝနှင့် အညီ)
|
|||
အဆင့် (၂)
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု ဖော်ဆောင်ရေး |
||||
အဆင့် (၃)
ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့်ပြည်ထောင်စုခိုင်မာရေး |
ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) ၏ နောက်ဆက်တွဲ (ဂ)
အပိုင်း (၃)
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ
(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့်တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များမှ ရရှိလာသော အောက်ပါ လမ်းညွှန်အခြေခံမူများနှင့်အညီ တည်ဆောက်သွား မည်ဖြစ်သည်။
၁။ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်။
၂။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အချင်းချင်းအကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ထူထောင်ထားရှိရမည်။
၃။ (က) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖက်ဒရယ်စနစ်နှင့် အညီအာဏာ ခွဲဝေမှု၊ သယံဇာ တခွဲဝေမှု၊ အခွန်အကောက် ခွဲဝေမှုနှင့် ဘဏ္ဍာရေး ခွဲဝေမှု ရှိရမည်။
(ခ) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ (၃)ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ (၃) ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများသို့ ခွဲဝေအပ်နှင်းမည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီး /ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသများအကြား ဥပဒေပြုရေးဆိုင်ရာ အာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေ အပ်နှင်း ပေးရမည်။
(ဂ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များသည် ခွဲဝေထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးပိုင်ခွင့်ရှိရမည်။
၄။ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးသည် အချင်းချင်း လေးစားမှုရှိပြီး အခွင့်အာဏာ တန်းတူရှိရမည်။
၅။ နိုင်ငံသားတိုင်းအတွက် မူလအခွင့်အရေးများ (Fundamental Rights)နှင့် တာဝန်များကို ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းရမည်။ နိုင်ငံသားတိုင်းသည် ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရှိရမည်ဖြစ်ပြီး ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ရှိရမည်။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်း စသည့် အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန် အတွက် ဥပဒေပြဋ္ဌာန်းပေးရမည်။
မှတ်ချက်။ တိုင်းဒေသကြီး/ ပြည်နယ်များသည် အခွင့်အာဏာ တန်းတူရှိရမည်။ အမည်နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည်။