တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားသူများ၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနှင့် နွေဦးတော်လှန်ရေး

0

 

ဒေါက်တာ Ashley South

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု အတိုင်းအဝိုင်းများသည် မြန်မာ စစ်တပ်၏ သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာလရှည်ကြာစွာ ခံစားခဲ့ရသည်။ မည်သိုပင်ဆိုစေကာမူ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ရွာသူရွာသားများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့အား ကိုယ်စားပြုခြင်း နှင့် အကာအကွယ်ပေးနေခြင်းသည် သာမန်ထက် လွန်ကဲစွာ ခံနိုင်ရည်ရှိပေသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး၌ ပဋိပက္ခဖြစ်ပွားရာ ဒေသရှိ ရွာသူရွားသားတို့သည် ယခင်ထက် ပိုပြီး အရေးပါလာသည်။

စစ်တပ်အာဏာသိမ်းမှုအပြီးတွင် အစိုးရဝန်ထမ်းများ သပိတ်မှောက်ခဲ့ကြသည်။ အစိုးရ ဝန်ထမ်းအများအပြားသည် စစ်အစိုးရနှင့် ပူပေါင်းရန်နှင့် ၎င်းတို့၏ ယန္တယားအောက်တွင် အလုပ်လုပ်ရန် ပြင်းထန်စွာ ငြင်းဆန်ခဲ့ကြသည်။ ဤအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင် (EAOs) နှင့် ၎င်းတို့ အရပ်ဘက် လူမှုအဖွဲ့အစည်း မိတ်ဖက်များမှ ပေးအပ်နေသော ကျန်မားရေး၊ ပညာရေးနှင့် အခြားဝန်ဆောင်များသည် နိုင်ငံ၏ တချို့သော အစိတ်အပိုင်းများအတွက် ဆက်လက်လည်ပတ်ရန် တစ်ခုတည်းသော ထိရောက်မှုနှင့် တရားဝင် အုပ်ချုပ်မှုဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ EAOs အတော်များများသည် ၎င်းတိ့ု ၏ အုပ်ချုပ်ရေးကို ကောင်းမွန်စွာ ထားရှိခြင်းနှင့် ယုံကြည် စိတ်ချရသော နိုင်ငံရေး အစီအမံများရှိပြီး ၎င်းတို့ ကိုယ်စားပြုသည့် ရပ်ရွာအတွင်း ပြည်သူလူထု၏ တရားဝင် အသိမှတ်ပြုမှုခြင်းကို ရရှိနေသည်။

ဥပမာအားဖြင့် မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသား ပညာရေးကော်မတီမှ ကျောင်းပေါင်း (၂၀၀) နီးပါးကို စီမံံခန့်ခွဲနေသည်။ အများစုမှာ ဇွန်လတွင် ပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်ထားသည်။ အာဏာသိမ်းပြီးနောက် ပထမ (၂) လတွင် နွေရာသီ ကျောင်းပိတ်ရက်များ ဖြစ်နေသဖြင့် ကျောင်းများ ဆက်ပိတ်ခဲ့သည်။ ကရင်အမျိုးသား   အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) သည်လည်း ကျောင်းပေါင်း (၁၅၀၀) ခန့်ကို စီမံခန့်ခွဲနေသည်။ ထိုနည်းလည်းကောင်းပင် ရှမ်းဒေသတွင် အစိုးရပညာရေးစနစ် မဟုတ်သည့် ကျောင်းပညာရေးစနစ် (၂) ရပ်လည်း ရှိသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းထားသည့် ကိုယ်ပိုင်ပညာရေးစနစ်ဖြင့် ဖွင့်လှစ်ထားသည့် ကျောင်းများလည်း ရှိကြသည်။ မွန်ပြည်သစ်ပါတီနှင့် အခြားသောလူမျိုးများ ဖြစ်သည့် ကရင်၊ ကရင်နီ၊ ပအိုဝ်း၊ တအောင်း၊ ရှမ်း၊ ချင်းနှင့် အခြား တိုင်းရင်းသားလူမျိုးစုများတို့ အား ကိုယ်စားပြုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများနှင့် ၎င်းအနီးတဝိုက်ရှိ အုပ်ချူပ်မှုရောယှက်ဒေသ (တိုင်းရင်းသား EAOs အုပ်ချုပ်ရေးနှင့် အစိုးရအုပ်ချုပ်ရေးဒေသ ရောယှက် သည့်နေရာ) များတွင်လည်း အစိုးရအုပ်ချုပ်ရေးနှင့် အပြိုင် ၎င်းတို့ ၏ အုပ်ချူပ်ရေးစနစ်ကို ထားရှိသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၎င်း၏ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ဧပြီလ (၁၆) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သည် နစက စစ်ကောင်စီမှ လက်လှမ်းမမီသည့် လွတ်လပ်သည့် တိုင်းရင်းသားဒေသတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ကောင်းမွန်သော နယ်မြေအုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုများ (နှင့် လက်နက် ကိုင်တပ်များ) ကို ပံ့ပိုးကူညီရန် အရေးကြီးပုံကို အလေးထား ပြောကြားခဲ့သည်။ ဤကိစ္စတွင် အမျိုးသား ညီညွတ်ရေး အစိုးရသည် (NUG) သည် တိုင်းရင်းသားလက်နက်ကိုင် EAOs များအပေါ်မှာ အလွန်အမင်း မှီခိုရမည့် အခြေအနေမျိုးဖြစ်ပြီး EAOs တို့၏ အုပ်ချုပ်မှုယန္တယားနှင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနေခြင်းကို အသိမှတ်ပြုခြင်း၊ ၎င်းတို့ ၏ အရေးပါသော စွမ်းရည်များနှင့် တရားဝင်ဖြစ်မှုကို အသိမှတ်ပြုရန် လိုအပ်ပေသည်။

ယခုလောလောဆယ်၌ မြို့ပြနှင့် မြို့ပြ အနီးတဝိုက်ဒေအများမှ (နစက စစ်ကောင်စီ၏) အကြမ်းဖက် ဖိနှိပ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ဆန္ဒပြသူ (၁၀၀၀) ကျော်သည် တိုင်းရင်းသား လက်နက်ကိုင် (EAOs) ထိန်းချုပ်ရာ နယ်မြေများတွင် ခိုလှုံနေသည်။ ထိုကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် (EAOs) များသည် ယခု နိုင်ငံရေး အလှည့်အပြောင်း ကာလတွင် စစ်ဘေးရှောင် ရွာသားများအပြင် အာဏာဖိဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ အမြောက်များကို) ၎င်းတို့၏ ထိန်းချုပ်နယ်မြေတွင် ခိုလှုံခွင့်များ၊ အကာအကွယ်များ ပေးခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် EAOsများသည် နစက စစ်ကောင်စီ၏ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း ပြသခဲ့သဖြင့် မြို့ပြရှိ ပြည်သူများ (အထူးသဖြင့် လူငယ်များ) အကြား တိုင်းရင်းသား လူမျိုးစုများအပေါ် နားလည်မှုများနှင့် တန်ဖိုးထားမှု အသစ်များ ပိုမို တိုးပွားလာခဲ့သည်။ လက်ရှိ အကြပ်အတည်းသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် နှစ်လရှည် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားသူများအကြား စည်းလုံးညီညွတ်မှုနှင့် ဘုံနားလည်မှုအသစ်များ ပေါ်ပေါက်လာခဲ့သည်။ စစ် အစိုးရကို ဆန့်ကျင်သည့်နောက်ဆက်တွဲ အကျိုးဆက်မှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကို ဆန့်ကျင်သည့် EAOs များနှင့် ၎င်းတို့၏ လူမျိုးစုများအပေါ် ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုများ တိုးပွားလာခြင်းဖြစ်သည်။

ဤစာကို ရေးသားနေသည့်အချိန်၌ ကရင်ဒေသများတွင် ကရင်စစ်ဘေးရှောင် ဒုက္ခသည် IDPs (၂၅၀၀၀) ခန့်ရှိပြီး ထို့ အနည်းတူ ကချင်ဒေသတွေမှာလဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ အသစ်များ ရှိသည်။ မြန်မာစစ်တပ်မှ ကရင်ပြည်နယ်မြောက်ပိုင်းရှိ အရပ်သားများအား တိုက်ခိုက်လာခြင်းကြောင့် ၂၀၂၀ ခုနှစ် နှောင်းပိုင်းတွင်လည်း စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်သူ များစွာ ရှိနေခဲ့သည်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည် (၃၀၀၀၀၀) ခန့် ရှိပြီး မိမိတို့ ၏ မူလနေရပ်သို့ ပြန်လည် သွားရောက်အခြေချနိုင်သည့် အခြေအနေကား မရှိသေးပေ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း (KIO) ထိန်းချုပ်ရာ ကချင်ဒေသတွင်လည်း အနည်းဆုံး စစ်ဘေးရှောင် (၁၀၀၀၀၀) ခန့် ရှိသည်။ ထို လူအများစုသည် တိုင်းရင်းသားလက်နက်ကိုင် (EAOs) ထိန်းချုပ်ရာနယ်မြေ (သို့မဟုတ်) သြဇာလွှမ်းမိုးမှုရှိသော ဒေသများတွင် ခိုလှုံနေကြပြီး ၎င်းတို့ကို တိုင်းရင်းသား အာဏာပိုင်များက အခြေခံဝန်ဆောင်မှုနှင့် ကာကွယ်မှုများကို ဆောင်ရွက်ပေးကြသည်။

လောလောဆယ်အခြေအနေတွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ မွန်ပြည်သစ်ပါတီသည် (၁၉၉၅) ခုနှစ်မှစ၍ ထိရှမှု လွယ်ကူသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ယနေ့အချိန်အထိ ထိန်းသိမ်းထားနိုင်ခဲ့သည်။ (၁၉၉၀) ခုနှစ်များကာလတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည့် အဖွဲံ များအနက် ‘ဝ ပြည် သွေးစီးညီညွတ်ရေးအဖွဲ့’ (UWSA) နှင့်အတူ မွန်ပြည်သစ်ပါတီသည် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော အဖွဲ့အနေဖြင့် ဆက်လက် လျှောက်လှမ်းနေခြင်းပင် ဖြစ်သည်။

အထူးသဖြင့် ဆန္ဒပြမှုများ၏ အစောပိုင်းကာလတွင် အချို့သော အာဏာဖိဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် လှုပ်ရှားသူများသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) များအား အာဏာသိမ်းမှု ဆန့်ကျင်ရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်မှုမရှိဟု အပြစ်တင် ဝေဖန်ပြောဆိုခဲ့ကြသည်။ လက်တွေ့အားဖြင့် EAOs များသည် ပါဝင်ရန် ပုံစံအမျိုးစုံကို စဉ်းစားပြင်ဆင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် မွန်ပြည်သစ်ပါတီက အာဏာသိမ်းမှုကို ရှုတ်ချကြောင်းနှင့် CDM လှုပ်ရှားမှုကို ထောက်ခံကြောင်း ကြေညာခဲ့သည်။ မွန်ပြည်သစ်ပါတီသည် ပြည်သူလူထုနှင့် ဘက်မလိုက်သော ရပ်တည်ချက်ကို ထုတ်ပြန်သည့် ပထမဆုံး EAOs ဖြစ်သည်။ နောက်တစ်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) သည်လည်း ပြင်းထန်ပြီး အသေးစိတ် ကျသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီး နောက်နေ့တွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ အပါအဝင် EAOs ၁၀ ဖွဲ့ ဖြင့် စုစည်းထားသည့် ငြိမ်းချမ်းရေး ဦးဆောင်ရေးအဖွဲ့သည် ( PPST ညှိနှိုင်းရေး အဖွဲ့၏) ပြင်းထန်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နောက်ထပ် PPST၏ ကြေညာချက်အရ အထက်ပါအချက်များအား ထပ်မံ ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ပြည်တွင်းရေးအခြေအနေများအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို နစက စစ်ကောင်စီ (SAC) နှင့် ဆက်လက် ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ NCA ကို ဖျက်သိမ်းခြင်း မရှိသော်လည်း ဤကြေညာချက်သည် တရားမဝင် စစ်အစိုးရ အုပ်ချုပ်မှုကာလအတွင်း သဘောတူညီချက်များ ထိရောက်စွာ ဆိုင်းငံ့ထားမည့် သဘော သက်ရောက် စေခဲ့သည်။ အနည်းဆုံး ယခုကနေစပြီး ဆိုင်းငံ့ထားခြင်း ဖြစ်သည်။

ထိုကြောင့် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီသည် အစိုးရအဆက်ဆက်နှင့် ဆက်ဆံရေးပြုလုပ်ရာ ၎င်း၏ အခြေခံမှုများနှင့် နိုင်ငံရေးသိက္ခာများကို ဆက်လက် ထိန်းသိမ်းထားသည့် ရေရှည် မဟာဗျူဟာများကို ဆက်လက်ကျင့်သုံးလာခဲ့သည်။ မွန်ပြည်သစ်ပါတီ မှန်ကန်သော နိုင်ငံရေးရပ်တည်ချက်ဖြင့် ဆက်လက်ထိန်းသိမ်းသွားရန် ကြိုးပမ်းခဲ့ပြီး စစ်အစိုးရအား နည်းအမျိုးစုံနှင့် အပြင်းအထန် ဝေဖန်ရှုတ်ချခြင်းနှင့်အတူ တချိန်တည်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရန်အတွက် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။ တချိန်တည်းမှာပင် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၁၁) နေရာ အနိုင်ရခဲ့သည့် မွန်ညီညွတ်ရေးပါတီသည် စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည် တိုင်းရင်းသားနိုင်ငံပါတီ အနည်းစုမှ တစ်ပါတီဖြစ်လာသည်။

မွန်ညီညွတ်ရေးပါတီ (MUP) အလုပ်မှုဆောင်ကော်မတီများ၏ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များ ချလိုက်ပြီးချိန်တွင် ပါတီဝင်များစွာမှ မွန်ညီညွှတ်ရေးပါတီ MUP ၏ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ ထောက်ခံခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြပြီး ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။ တချို့ကမူ ပါတီအတွင်းတွင် ကျန်ရှိနေသော်လည်း စစ်အစိုးရနှင့် မိတ်ဖက်ဖွဲ့ရန် ဆုံးဖြတ်အချက်အပေါ် အလွန်အမင်း မကျေနပ်ဖွယ် ကောင်းလှသည်။ တချို့သော MUP ခေါင်းဆောင်များသည် ယခင် NLD ဦးဆောင်သော အစိုးရလက်ထက်တွင် တိုင်းရင်းသား အခွင့်အရေးများ အခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ ရလဒ်များအပေါ် မူတည်ပြီး ယခု လက်ရှိ အာဏာသိမ်း နစကစစ်ကောင်စီနှင့် ပူးပေါင်းခြင်းအားဖြင့် မွန်လူမျိုးတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ မိုမို ရလာနိုင်ကြောင်း မျှော်လင့်ထားကြသည်။ သို့သော် မွန်ရှိ တက်ကြွလှုပ်ရှားသူ အများစုကား အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက် နှိမ်နင်းမှုများ စတင်ခင်ကပင် ဖေဖော်ဝါရီလ (၆) ရက်နေ့ နစက စစ်ကောင်စီနှင့် ပူးပေါင်းရန် ဆုံးဖြတ်သည့် MUP ပါတီ၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ကြသည်။

နစက စစ်ကောင်စီ (SAC) နှင့် ပူးပေါင်းရန် မွန်ညီညွတ်ရေးပါတီ (MUP) ၏ ဆုံးဖြတ်ချက်သည် အလွန်ဆိုးဝါးသော အမှားတစ်ခုဖြစ်ပြီး၊ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရ လက်ထက်တွင် တိုင်းရင်းသားတွေ ကြုံတွေ့ရသည့် အခြေအနေများ၊(NLD) အပေါ် စိတ်ပျက်ဖွယ်ရာများနှင့် မကျေနပ်ဖွယ်ရာများကို ထင်ဟပ်ပြသခဲ့သည်။ စစ်အစိုးရနှင့် ပူးပေါင်းခြင်း သည် MUP ၏ နိုင်ငံရေး တရားဝင်မှုကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရေး အတွေ့ အကြုံ့ ပြည့်ဝသည့် မွန်ပြည်သစ်ပါတီသည် မွန်လူမျိုးတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်လရှည်ကြာ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်သည်။

Download in PDF 

Share.

About Author

Leave a Reply