(၉)လတာပဋိပက္ခ၊ လုံခြုံမှုကင်းမဲ့သည့်ဘဝ

0

ငြိမ်းချမ်းရေးနှင့် ပဋိပက္ခသုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ခြင်း

“(၉)လတာပဋိပက္ခ၊ လုံခြုံမှုကင်းမဲ့သည့်ဘဝ”

  • ရာမညအင်စတီကျုသုတေသနဌာန (RICE) က စစ်ကောင်စီမှ အာဏာသိမ်းပြီးသည့်နောက် ဖေဖော်ဝါရီလမှ အောက်တိုဘာလ ၂၀၂၁၊ (၉) လတာ ငြိမ်းချမ်းရေးအခြေအနေနှင့် ပဋိပက္ခအခြေအနေကို မှတ်တမ်းပြုစုကာ ၄င်း၏ ဆိုရှယ်မီဒီယာတွင် တတ်အားသရွေ့ အပတ်စဉ် ဖော်ပြနေခဲ့သည်။ ယခုအခါ ၄င်းသုတေသနပြုမှုများ၊ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ ပြည်သူလူထုအား မေးမြန်းမှုများ ပြုလုပ်ပြီး ပညာရှင်တို့၏ သုံးသပ်ချက် အကြံပြုချက်များဖြင့် ဤအစီရင်ခံစာကို ထုတ်ဝေသည်။
  • ဤအစီရင်ခံစာတွင် အခန်း (၄) ခန်း ပါရှိကာ ပထမအခန်းတွင် (၉) လတာကာလအတွင်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ ခြုံငုံသုံးသပ်ချက်နှင့် RICE သုတေသနအဖွဲ့၏ သုတေသနလုပ်ငန်းအကြောင်း ဖော်ပြထားသည်။ ဒုတိယအခန်းတွင်ကား ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများ၏ အမြင်၊ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် စစ်ရေးဆိုင်ရာ ပဋိပက္ခများ၊ လူ့အခွင့်ရေး ချိုးဖောက်မှုများအကြောင်းကို ဖော်ပြထားသည်။ တတိယအခန်းတွင် မြန်မာနိုင်ငံတောင်ပိုင်း မြို့ နယ် (၁၄) မြို့ နယ်မှ ပြည်သူလူထုအား မေးမြန်းထားသည့်အပေါ် ၄င်းတို့၏ လုံခြုံရေး အခြေအနေကို အသားပေးဖော်ပြထားသည်။ နောက်ဆုံးအခန်းတွင်ကား၊ အာဏာမသိမ်းမီ လွန်ခဲ့သည့် (၅-၆) နှစ်တာကာလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ အား ပြန်လည်သုံးသပ်ကာ ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် အကြုံပြုချက်များ ဖော်ပြထားသည်။ သို့ရာတွင်၊ မည်သည့်အဖွဲ့ အစည်းမှ မည်သို့ လုပ်ဆောင်သင့်သည် ဆိုသည့် အကြံပြုတိုက်တွန်းချက် (Recommendation) ကား မဟုတ်ပေ။
  • ဗမာ့/မြန်မာ့စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခသည် မြန်မာနိုင်ငံအဝန်းအဝိုင်း (၃) ပုံ (၂) ပုံအထိ ကျယ်ပြန့် လာသည်။ ပဋိပက္ခကြောင့် အတိဒုက္ခ ရောက်ကြရသူ (၅၀၀၀၀၀) ခန့် ရှိသည်။ ဤအခြေအနေတွင် နိုင်ငံပြန်လည်တည်ငြိမ်ရေး၊ ပြည်သူလူထု လုံခြုံရေးတို့ အတွက် အဓိကပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်အားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိရန် အရေးကြီးသည်ဟု ပြည်သူလူထုမှ တိုက်တွန်းထားသည်။
Share.

About Author

Leave a Reply