မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(မေလအတွင်း မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

အကျဉ်းချုပ်

နိုင်ငံရေး အခြေအနေ

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်လမ်းစဉ်နှင့် ဖြေရှင်းခဲ့မှုကြောင့်  ပြည်တွင်းမငြိမ်မ သက်မှုများသည် ယနေ့အထိ အားကောင်းလျက်ရှိသည်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားတွင် စစ်ရေးပဋိပက္ခများနှင့် လက်နက်ကိုင်တိုက်ပွဲများသည် ပိုမိုပြင်းထန်လာသည်။ အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖြစ်စဉ်များကြောင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ခုနှစ် မေလ (၁၀) ရက်နေ့အထိ အရပ်သားသေဆုံးမှုများသည် (၅၆၄၆) ဦးအထိ ရှိသည်ဟု လွတ်လပ်သော သတင်းမီဒီယာများ ဖော်ပြချက်မှ သိရသည်။ ၎င်းအပြင် နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်မှုကြောင့် ၂၀၂၂ ဧပြီလအထိ နေရပ်စွန့်ခွာစစ်ဘေးဒုက္ခသည် အရေအတွက်သည် (၈၁၀,၈၈၉) ကျော်အထိ မြင့်တက်လာခဲ့သည်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် (၄၉၇ ၂၀၀)နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း စစ်ဘေးဒုက္ခသည် အရေအတွက်သည် (၁၃၀၈ ၀၈၉) ကျော်အထိ ရှိသည်။ စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော  အကြမ်းဖက်လုပ်ရပ်မျိုးစုံကို ပြည်သူများအပေါ် ဆက်လက်ကျူး လွန်နေဆဲပင်ဖြစ်သည်။

 စစ်ကောင်စီသည် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ရည်ရွယ်ချက်ဖြင့် မတရားဥပဒေများပြဌာန်းခြင်း၊ ပြည်သူပိုင်အိုးအိမ်စည်းစိန်များကို ဖျက်စီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းစသည့် လူ့အခွင့်အရေးနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရက်များကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ် ဆောင်နေဆဲ ပင်ဖြစ်သည်။ အခြားတဖက်တွင်လည်း  အချို့သော ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက  လံဟုစွပ်စွဲချက်ဖြင့် အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ လမ်းသွားလမ်း လာနေရာများတွင် ဗုံးဖောက်ခွဲခြင်း  စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် ကျူးလွန်လျက်ရှိသည်။

 မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအသွင်သို့ ကူးပြောင်းလာသည့် (၁)နှစ် ကျော်ကြာကာလတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး (ပညာရေး၊ကျန်းမာရေး) စသည့် ကဏ္ဍများတွင် တိုးတက်ပြောင်းလဲ လာခြင်းမရှိသည့်အပြင် ယခင်ထက် ပိုမိုဆုတ်ယုတ်သွားသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။  စစ်ကောင်စီသည် ယိုယွင်းပျက်စီးနေသော နိုင်ငံ၏ စီးပွားရေးကို ပြန်လည်နလံထူလာအောင် မစွမ်းဆောင်နိုင်သေးပေ။ စစ်အာဏာသိမ်းမှု၏ အကျိုးအဆက်ကြောင့်  အခြေခံပြည်သူအများအပြား အလုပ်လက်မဲ့ပြဿနာများနှင့် အငတ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေရပြီး ဆင်းရဲမွဲတေမှုနှုန်းသည်လည်း သိသိသာသာ တိုးပွားလာသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply