မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

0

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(ဇွန်လအတွင်း မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

အကျဉ်းချုပ်

နိုင်ငံရေး အခြေအနေ

မြန်မာနိုင်ငံတွင် အဘက်ဘက်မှ ချွတ်ခြုံကျမှုကြောင့် ကျဆုံးနိုင်ငံတော်အဖြစ်သို့ ဦးတည်နေသည်။ အဓိက မဏ္ဍိုင်ကြီး (၃) ရပ်ဖြစ်သော  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့သည်  စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းပျက်စီးနေသည်။ နိုင်ငံရေးပြဿနာကို အကြမ်းဖက်သော နည်းလမ်းနှင့် ကိုင်တွယ်ဖြေရှင်းခဲ့ ခြင်းကြောင့် စစ်ရေးပဋိပက္ခများနှင့် ပြည်တွင်း မငြိမ်မသက်မှုများသည် ယနေ့အထိ အားကောင်လျက် ရှိသည်။ နိုင်ငံအနှံ့အပြားတွင် လက်နက်ပဋိပက္ခများ၏ အကျိုးအဆက်များကြောင့် နေရပ်စွန့်ခွာသူများသည် တနေ့တခြား ပိုမိုများပြားလာသည်။ အာဏာသိမ်းပြီး (၁) နှစ်ကျော်ကြာ ကာလအတွင်းတွင် နေရပ်စွန့်ခွာ စစ်ပြေးဒုက္ခသည် အရေအတွက်သည် (၁, ၀၈၂, ၇၂၂+) အထိရှိလာသည်။ လက်နက်ကိုင်တိုက်ပွဲများကြောင့် သေကျေပျက်စီး ဝမ်းနည်းစရာ ကောင်းလှသော အဖြစ်အပျက်များလည်း ယနေ့အထိ မြင်တွေ့နေရဆဲပင်ဖြစ်သည်။

စစ်အစိုးရ အုပ်ချုပ်မှု ခေတ်အဆက်ဆက်တွင် ဖိနှိပ်မှုမျိုးစုံအား အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသား လူနည်းစုများအပေါ်တွင်  နည်းစနစ်ကျကျ လုပ်ဆောင်ခဲ့သည်။ ယခုအခါတွင်လည်း စစ်ကောင်စီသည် ယခင်ကဲ့သို့ နည်းလမ်းအတိုင်း ပြည်သူပိုင်အိုးအိမ်စည်းစိမ်များကို ဖျက်စီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းစသည့် လူ့အခွင့်အရေးနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရက်များကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ် ဆောင်နေသည်။ အခြားတဖက်တွင်လည်း  အချို့သော ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက  လံဟုစွပ်စွဲချက်ဖြင့် အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ လမ်းသွားလမ်း လာနေရာများတွင် ဗုံးဖောက်ခွဲ တိုက်ခိုက်ခြင်း  စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် ကျူးလွန်လျက်ရှိသည်။

 မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအသွင်သို့ ကူးပြောင်းလာသည့် (၁)နှစ် ကျော်ကြာကာလ ရှိသော်လည်း  စီးပွားရေးနှင့် လူမှုရေး (ပညာရေး၊ကျန်းမာရေး) စသည့် ကဏ္ဍများသည်  ယခင်အခြေအနေကဲ့သို့ ပြန်လည်မရောက်ရှိသေးပေ။ စစ်အာဏာသိမ်းမှု၏ အကျိုးအဆက်ကြောင့်  ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ပျက်စီးပြီး  အလုပ်လက်မဲ့ပြဿနာများနှင့် အငတ်ဘေးဒဏ် များကို အခြေခံလူတန်းစား ပြည်သူအများအပြား အလူးအလဲ ခံစားခဲ့ကြရသည်။

Share.

About Author

Leave a Reply