လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

0

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(September လအတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

အကျဉ်းချုပ်

 ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင် ပဋိပက္ခများသည် နေ့စဉ်နှင့်အမျှ ပိုမိုကျယ်ပြန့်လာသည်။ ပြည်တွင်းစစ်နှင့်အတူ အနှစ် (၇၀)ကျော် အားကောင်းတောက်လောင်နေသော စစ်မီးများအား တဖန်ပြန်လည် အားကောင်းလာသည်ကို တွေ့ရသည်၊၊ နိုင်ငံရေးပြဿနာကို လွဲမှားသောလမ်းစဉ်နှင့် ဖြေရှင်းခဲ့ခြင်းကြောင့် ပြည်တွင်းမငြိမ်မသက်မှုနှင့်အတူ အဖက်ဖက်မှ ပြိုလဲပျက်စီးခြင်းဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ စစ်ရေးပဋိပက္ခဘောင်များ ကျယ်လာသည်နှင့်အမျှ တိုင်းပြည်သည် ဆင်းရဲတွင်းမှ ဆက်လက်နစ်မွန်းနေပေမည်။ စစ်အာဏာသိမ်းမှု (၁)နှစ်ကျော်ကြာရှိသော်လည်း တိုင်းပြည်သည်  တိုးတက်လာသော အရိပ်အယောင်မျှ မတွေ့သေးသည့်အပြင် ယခင်ထက် ပိုမိုဆုတ်ယုတ်လာသည်။

စစ်ကောင်စီသည် တိုးတက်အင်အားကြီးလာသော  တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ပွဲများကို မချေမှုန်းနိုင်သည်အဆုံး  နိုင်ငံငြိမ်းချမ်းနေသယောင်ပြသရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမည်တပ်ပြီး အချို့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြုလုပ်လာခဲ့သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက် ပေါက်ရှာရန်သာဖြစ်ပြီး  တိုင်းရင်းသားလက်နက်ကိုင်များ လိုလားတောင့်တနေသော  စစ်မှန်သော ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စုအတွက် အထောက်အပံ့ဖြစ်မည် မဟုတ်ပေ။  ထို့အပြင် စစ်ကောင်စီသည် တိုင်းပြည်ပြန်လည်ငြိမ်းချမ်းရန် အရေးကြီးသည်ဟု ပါစပ်ဖျားတွင် ပြောနေသော်လည်း တဖက်တွင် အာဆီယံနိုင်ငံ၏ ဘုံသဘောတူညီချက် (၅) ရက်ကို ဘေးဖယ်ပြီး အပြစ်မဲ့ပြည်သူများကို ကွပ်မျက်မှုအပါအဝင် ဖမ်းဆီးသတ်ဖြတ်မှုများနှင့် နေအိမ်မီးရှို့မှုတို့ကို ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိသည်။

 ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဒေါ်လာထိန်းချုပ်မှုနှင့် ဗဟိုဘဏ်၏ လွဲမှားသော ထုတ်ပြန်ချက်များကြောင့် ဆယ်စုနှစ်တစ်ခုကြာ တည့်မတ်ခဲ့သည့် မြန်မာ့စီးပွားရေးသည် ပိုမိုအကြပ်စိုက်လာသည်။ ၎င်းတို့၏ အကျိုးအဆက်အနေဖြင့် အထွေထွေ အကြပ်အတည်းများနှင့်အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း ပြဿနာများ၊ ငွေကြေးများ ဖောင်းပွလာခြင်း ပြဿနာများနှင့် အလုပ်လက်မဲ့ပြဿနာများကို အခြေခံလူတန်စားပြည်သူများက အလူးအလဲခံစားရသည်။ လူမှုရေး (ပညာရေးနှင့် ကျန်းမာရေး)ကဏ္ဍသည်လည်း အလဲလဲပြိုပြိုဖြစ်ခဲ့ရာမှ (၁) ကျော်ကြာရှိလာပြီး ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှု ကင်းမဲ့သည့် တိုင်ပြည်အသွင်ဆောင်နေပြီး ယခင်ကထက် ခိုးမှု၊ အနုကြမ်းစီးမှု၊ လုယက်မှုနှင့် လူသတ်မှုများ သိသာထင်ရှားစွာ များပြားလာသည်။

 

Share.

About Author

Leave a Reply