မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
(November လအတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute For Civi Engagement (RICE)
အကျဉ်းချုပ်
မဟာလူမျိုးကြီးဝါဒနှင့်အတူ လွှမ်းမိုးချယ်လှယ် အုပ်ချုပ် လာခဲ့သော စစ်အစိုးရ ခေတ်အဆက်ဆက်တွင် တိုင်းပြည်တိုးတက်ရန် ဘယ်သောအခါမှ မစွမ်း ဆောင်နိုင်ခဲ့ပေ။ စစ်ရေးပဋိပက္ခနှင့် ပြည်တွင်းစစ်သာ ပိုမိုကြီးထွားလာသည်။ ယခုအခါ ၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက် တိုင်းပြည်သည် ယခင်အခြေအနေကဲ့သို့ ရောက်ရှိနေပြီး နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင် တိုက်ပွဲများသည်လည်း ပိုမိုပြင်းထန်လာသည်ကို တွေ့ရသည်။ စစ်ရေးပဋိပက္ခပြင်းထန်လာမှုကြောင့် အပြစ်မဲ့ ပြည်သူများ ဒုက္ခအသွယ်သွယ်မှ အလူးအလဲ ခံစားရပြီး စစ်ဘေးဒုက္ခသည်အရေအတွက်သည်လည်း (၁၆၅၀၆၁၁) ကျော် အထိရှိလာသည်။ ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ (၂၅၄၆)၊ ဖမ်းဆီးခံရသူ (၁၆၄၃၂)နှင့် ဖျက်စီးခံရသည့် ပြည်သူပိုင်နေအိမ်အလုံးပေါင်း(၃၈၅၆၈) အထိရှိသည်ဟု လွတ်လပ်သော သတင်းမီဒီ ယာဖော်ပြချက်မှ သိရသည်။
စစ်ကောင်စီသည် ၎င်းတို့၏ တရားဝင်မှုရရှိရေးအတွက်သာ ဦးစားပေးကြိုးပမ်းလျက်ရှိပြီး တိုင်းပြည်တိုးတက်ရန် ယနေ့အချိန်အထိ မစွမ်းဆောင်နိုင်သေးပေ။ အခြား တစ်ဖက်တွင် အာဆီယံနိုင်ငံများ၏ ဘုံသဘောတူညီချက် (၅) ရက်ကို ဘေးဖယ်ပြီး ကျောင်း၊ လူနေအိမ်၊အခြားသော အဆောက်အအုံများကို လေယာဉ်နှင့် ဗုံကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ အပြစ်မဲ့ပြည် သူများကို ဖမ်းဆီးသတ် ဖြတ်ခြင်းစသော လူ့အခွင့်အရေးနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်လျက် ရှိသည်။ ထို့နည်းတူ အချို့သော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များသည်လည်း ဒလံစွပ်စွဲချက်ခေါင်း စဉ်အောက်တွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးချုပ် နှောင်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းစသော အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဆဲပင် ဖြစ် သည်။လက်နက်ကိုင်တိုက်ပွဲများကြားတွင် အပြစ်မဲ့ပြည် သူများသည် မြေစာပင်ဖြစ်နေသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း မတည်ငြိမ် မှုနှင့်အတူ အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည်။ ဆယ်စုနှစ် တစ်ခုကြာ တည့်မတ်ခဲ့သည့် မြန်မာ့စီးပွားရေး သည် နောက်ဆက်တွဲ အကျိုးဆက်များကြောင့် ပိုမို အကြပ်စိုက်လာသည်။ ၎င်းအပြင် အထွေထွေ အကြပ်အတည်းများနှင့်အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း ပြဿနာများ၊ ငွေကြေးများ ဖောင်းပွလာခြင်း ပြဿနာများနှင့် အလုပ်လက်မဲ့ ပြဿနာများကို အခြေခံလူတန်စားပြည်သူများက အလူးအလဲ ခံစားရသည်။ လူမှုရေး (ပညာရေး နှင့် ကျန်းမာရေး) ကဏ္ဍသည်လည်း ယိုယွင်းဖျက်စီးခဲ့ရာမှ (၂)နှစ်နီးပါး ရှိလာပြီး ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှု ကင်းမဲ့သည့် တိုင်ပြည်အသွင်ဆောင်နေပြီး ယခင်ကထက် ခိုးမှု၊ အနုကြမ်းစီးမှု၊ လုယက်မှုနှင့် လူသတ်မှုများ သိသာထင် ရှားစွာ များပြားလာသည်။