မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

0

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(January 2023 လအတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

 

အကျဉ်းချုပ်

 

မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အုပ်ချုပ်ရေးအသွင်သို့ တဖန်ကူးပြောင်းလာပြီးနောက် ပြည်တွင်းစစ် အရှိန်အ ဟုန်သည် ပိုမိုပြင်းထန်လာခဲ့သည်။ ပြည်တွင်းစစ်နှင့် လုံးပန်းရင်း အဖက်ဖက်မှ ပြိုလဲပျက်စီးပြီး အာရှနိုင်ငံများ ကြားသာမက ကမ္ဘာ့နိုင်ငံအလည်တွင် ယနေ့အထိနောက်ကျ ကျန်ရစ်ဆဲပင်ဖြစ်သည်။ စစ်အာဏာသိမ်းမှု (၂)နှစ်ကျော် ကြာရှိပြီးဖြစ်သော်လည်း  တိုင်းပြည်သည် ပြိုလဲပျက်စီး သည့်အခြေအနေမှ  ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ယခု ၂၀၂၃ခုနှစ်သည် စစ်ရေးပဋိပက္ခလွန်ကဲသော နှစ်ဟု ဆိုနိုင်သည်။ နိုင်ငံအနှံ့အပြားတွင် လက်နက် ကိုင်တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး တိုက်ပွဲများကြောင့် သွေးထွက်သံယို သေကျေပျက်စီးမှုများနှင့်အတူ စစ်ပြေး ရှောင်ဒုက္ခသည်အရေအတွက်သည်လည်း( ၁၉၁၂၇၆၉  ) ကျော် အထိ ရှိလာသည်။  စစ်ရေးပိုမိုပြင်းထန်လာမှုကြောင့် ပြည်သူများ ဒုက္ခအသွယ်သွယ်မှ အလူးအလဲခံစားနေရပြီး အခြေခံအခွင့် အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများသည် လုံးဝပျက် သုဉ်းသွားသည့် အခြေအနေသို့ ဆိုက်ရောက် နေသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများသည်လည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်။ လူ့အခွင့်အရေး၊ စစ်ရာဇာဝတ်မှုနှင့် ဆန့်ကျင်သောလုပ်ရပ်များကို စစ်ကောင်စီဘက် တွင်သာမက အချို့သော တော်လှန်ရေး အင်အားစုများပါ ဆက်လက် ကျူးလွန်နေသည်ကို တွေ့ရသည်။ သွေးထွက်သံယိုပဋိပက္ခများအကြားတွင်  အပြစ်မဲ့ပြည်သူ များ မြေစာပင် ဖြစ်နေသည်။

နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန် နေချိန် တစ်ချိန်တည်းတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေသည်ကို တွေ့ရသည်။ ထိုရွေး ကောက်ပွဲသည် စစ်ကောင်စီ၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်အတွက် အခွင့်အလမ်းတစ်ခုဟု ဆိုနိုင်ပြီ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို သွေးထွက်သံယိုအနည်းဆုံးနည်းလမ်းဖြစ်သလားဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ အခြားတစ်ဖက်တွင် တော်လှန်ရေးအင်အားစုများဘက်ကလည်း စစ်ကောင်စီ၏ ထွက်ပေါက်တစ်ခုဖြစ်သည့် ရွေးကောက်ပွဲကို မကျင်း ပနိုင်ရန် နည်းမျိုးစုံသုံးပြီး နိုင်ငံအနှံ့အပြားတွင် အရှိန်အ ဟုန်ပြင်းပြင်း တော်လှန်လျက်ရှိသည်။ ကြားထဲတွင်ပင် အပြစ်မဲ့ပြည်သူများ အိုးအိမ်စွန့်ပြီး ဒုက္ခသည်ဘဝနှင့် ကျင်လည်နေရသည်။

ထို့အပြင် ပြင်းထန်သော ပဠိပက္ခအကျိုးအဆက်များကြောင့် ဈေးကွက်စီးပွားရေးစနစ် ပျက်စီးပြီ ငွေကြေးဖောင်ပွမှု ပြဿနာများ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း ပြဿနာများနှင့်  အလုပ် လက်မဲ့ပြဿနာများကို အခြေခံလူတန်းစား ပြည်သူ များက  ယနေ့အထိ အလူးအလဲခံစားရ လျက်ရှိသည်။ လူမှုရေး (ပညာရေးနှင့် ကျန်းမာရေး) ကဏ္ဍသည်လည်း အခြားကဏ္ဍနှင့် နည်းတူ ယိုယွင်းပျက်စီးခဲ့ရာမှ (၂) နှစ်နီးပါး ရှိလာပြီးဖြစ်သည်။ လူတိုင်းလက်လှမ်းမှီသော ပညာရေးစနစ်၊ ကျန်းမာရေး စနစ်နှင့် ဆက်လက် ဝေးကွာနေဆဲပင် ဖြစ်သည်။ အခြားတစ်ဖက်တွင် အာဏာသိမ်းမှု၏ ရိုက်ခတ်မှုကြောင့် ပြည်တွင်းမတည် ငြိမ်မှုနှင့်အတူ တရားဥပဒေစိုးမိုးမှုသည်လည်း လုံးဝ ပြိုလဲပျက်စီးသွားပြီး သုညအဆင့်သို့ ရောက်ရှိ နေသည်။ ပြည်သူများ၏ လုံခြုံမှုအခြေအနေများ ဆိုးသထက် ဆိုးလာပြီး ခိုးမှု၊ အနုကြမ်းစီးမှု၊ လုယက်မှုနှင့် လူသတ်မှုများသည် သိသာထင်ရှားစွာ ယခင်ထက် များပြားလာသည်။

 

Share.

About Author

Leave a Reply