ပြည်သူ့မဲပေးလက် နှင့် နစကမဲပေးစက်

ပြည်သူ့မဲပေးလက် နှင့် နစကမဲပေးစက်

၂၀၂၀ ခုနှစ် ပြည်သူများ၏ လက်နှင့် မဲပေးထားသော ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ယခုတဖန် ၎င်းတို့၏ မဲပေးစက်ဖြင့် ပြုလုပ်မည့် စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ရရှိရန် ကြိုးပမ်းချက်က အလုပ်ဖြစ်မည်လော။  အုပ်ချုပ်ရေးအပိုင်း ကြည့်လိုက်သည့်အခါတွင်လည်း နယ်မြေအချို့တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် တော်လှန်ရေးအင်အားစုများ၏ ဖိအားပေးတိုက်ခိုက်မှုကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရသည်။ ထိုသို့သော အခြေအနေတွင် ခိုးမှုနှင့် လုယက်မှုဖြစ်စဉ်များ များပြားလာသည်။ လက်ရှိမြန်မာပြည်၏ ပြည်တွင်းပဋိပက္ခအခြေအနေကား နိုင်ငံရေးပလက်ဖောင်းပျောက်ပြီး အဖက်ဖက်က စစ်ရေးနည်းနှင့်သာ ဖြေရှင်းနေသည့်အတွက် ပြည်သူများအတွက် ငြိမ်းချမ်းရေးရရှိရန် လမ်းစပျောက်နေပေဦးမည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ စာရင်းများအရ လက်ရှိ နိုင်ငံတစ်ဝန်းတွင် စစ်ဘေးဒုက္ခသည်အရေအတွက် နှစ်သန်းနီးပါး ရှိနေသည်။ နောက်ဆုံးတွင် မလေးရှား၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ တုံ့ပြန်ပြောဆိုမှုအကြောင်းကို ဆက်လက် ဖတ်ရှုရမည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply