စစ်ကောင်စီသည် စစ်ရေးပဋိပက္ခအကြား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်မှုနှင့်အတူ စည်းရုံးရေးလုပ်ငန်းများကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။ ယခုအခါ အာဏာသိမ်းကာလ ဖြစ်သည့်အလျောက် စစ်ဘက်ရေးရာ ဌာနများသည် အရပ်ဘက်ဌာနများအပေါ် ဩဇာညောင်းနေသည်။ နောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အတွင်းသတင်း ပေါက်ကြားမှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး တိုက်ခိုက်ခံရမှု များလည်း ရှိလာခဲ့သည်။ အရပ်ဘက်ဌာနများမှ သတင်းယိုစိမ့်သည်ဟု စစ်ကောင်စီဘက်က ယူဆလာပြီး စစ်ဘက်ရေးရာမှ အရာရှိများကို အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့ခန့်အပ်ခဲ့သည်ကို ခပ်စိပ်စိပ် တွေ့လာရသည်။ စစ်ကောင်စီသည် (NCA) နှစ်ပတ်လည် အခမ်းအနားကို အထူးအခွင့်အရေး တစ်ရပ်အနေနှင့် ခမ်းခမ်းနားနား ကျင်းပရန် စိုင်းပြင်းနေသည်။ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားသော (NCA) စာချုပ်၏ အနှစ်သာရသည် နိုင်ငံရေးပြဿနာကို စစ်ရေးနှင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းနှင့်သာ ဖြေရှင်းရန် ဖြစ်သည်။ သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အပါအဝင် အဖွဲ့အစည်းအများစုက စစ်ရေးနည်းနှင့်သာ ဖြေရှင်းလာသည့်အတွက် နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခသည်သာ ကျယ်ပြန့်လာသည်။
NCA ၈ နှစ်ပြည့် ဘာထူးလဲ၊ နိုင်ငံတကာအမြင် ဘယ်လိုရှိသလဲ။
0
Share.