မြန်မာပြည်နှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများကို RICE သုတေသနအဖွဲ့က လေ့လာစောင့် ကြည့်လျက် ရှိပါသည်။ ယခုအောက်တိုဘာလအတွင်း ဆင်ခြင်သတိထားစရာ အကြောင်းအရာ(၃)ခုကို တင်ပြထားပါသည်။ ပထမတစ်ခုတွင် မြန်မာ့နိုင်ငံရေးထဲ တရုတ်၏ ဝင်ရောက်စွက်ဖက်မှုများလာသည့် အကြောင်းကို ကနဦးဖတ်ရှုရမည်။ ထို့နောက် မထူးခြားသော အာဆီယံဆွေးနွေးပွဲနှင့် ထိုင်းနိုင်ငံ၏ ပြောဆိုမှုများကိုလည်း ရေးသာထားသည်။
ရုပ်သံကြည့်ရှုရန် >>>
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်အတူ ဖက်ဒရယ်အသံလည်း ဆူညံနေသည်။ ယခုတပတ်တွင် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် EROs (၃) ဖွဲ့၊ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ (၅) ခုနှင့် အမျိုးသမီးများအဖွဲ့ချုပ် (WLB) တို့အကြား ဖက်ဒရယ်ဘုံသဘောထားတူညီချက်များ ရရှိထားသည့်အကြောင်းကို ကနဦးပြောပြထားသည်။ လက်ရှိဖက်ဒရယ်အရေးနှင့် ပတ်သက်၍ ကရင်နီပြည်ကို စံပြုစရာနမူနာကောင်း ဖြစ်သည့်အကြောင်း ပါဝင်ပြီး ကရင်နီကဲ့သို့ မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ် ဖြစ်ထွန်းပေါ်ပေါက်လာရန် မွန်ရဟန်းရှင်ပြည်သူအပေါင်းတို့ တော်လှန်ရေးအင်အားစုတို့နှင့်အတူ ပူးပေါင်းပါဝင်ရမည့်အကြောင်း ရေးသားထားသည်။
ရုပ်သံကြည့်ရှုရန် >>>
၂၀၂၅ အတွင်း ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားသော စစ်ကောင်စီက သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းကို ပြုလုပ်နေပါသည်။ စကစ၏ အကြံတစ်ခုဖြစ်သော နိုင်ငံရေးထွက်ပေါက် ရရှိရေးအတွက် ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ထူးထူးခြားခြား စတင်ကမ်းလှမ်းလာသည်။ ဤအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်ရှိ စစ်ရေး/နိုင်ငံရေးအဖွဲ့အစည်းတို့က မည်သို့မည်ပုံ တုံ့ပြန်ထားပါသနည်း။ အဆိုပါတုံ့ပြန်ချက်များနှင့်အတူ မွန်နိုင်ငံရေးသုံးသပ်ချက်အချို့ကို ဤစာတမ်းတွင် ဖတ်ရှုရပေမည်။
ရုပ်သံကြည့်ရှုရန် >>>
ရာမညအင်စတီကျူနိုင်ငံရေးသုတေသနဌာန RICE သည် ဂျိုင်းမြစ်ဒေသနှင့် မွန်ပြည်အတွင်းရှိ ပြည်သူများခံစားနေရသည့် စစ်ဘေးဒုက္ခဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ပြုစုရန်၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများမှ ဓမ္မသရွာနှင့် ဂျိုင်းမြစ်ဒေသဖြစ်စဉ်ကို ပိုမိုသိရှိပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုရရှိစေရန်နှင့် ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံပြည်သူများ၏ ရေရှည်ဘဝ ရပ်တည်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း “ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေများ” အမည်ဖြင့် အစီရင်ခံစာတစ်စောင်ရေးသား ပြုစုခဲ့သည်။
ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေ အစီရင်ခံစာသည် မွန်ပြည်တလွှားက နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ဂျိုင်းမြစ်ဒေသတလျှောက်ရှိ ဒေသခံပြည်သူများ၏ စစ်ဘေးအတိဒုက္ခ အခြေအနေများအား အဓိကထား လေ့လာထားခြင်း ဖြစ်ပါသည်။
အစီရင်ခံစာတွင် အခန်း(၇)ခန်း ပါဝင်ပြီး အစီရင်ခံစာအကျဉ်းနှင့် သုတေသနနည်းနာ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်အတွင်း နိုင်ငံရေးနှင့် ပဋိပက္ခအခြေအနေ၊ ပဋိပက္ခကြောင့် ဂျိုင်းမြစ်ဒေသတလျှောက်ရှိ ထိခိုက်ပျက်စီးမှုများနှင့် ဒေသခံပြည်သူများ၏ စစ်ဆိုးကျိုးများ ခံရသည့် အခြေအနေ၊ စစ်ဘေးရှောင်များ အခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအခြေအနေများကို မှတ်တမ်းတင်ပြုစုထားသည်။
ထို့အပြင် အစီရင်ခံစာတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအပေါ် အကြုံပြုတိုက်တွန်းချက်များ ပါဝင်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်း အဝိုင်းသို့အကြံပြုချက်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EROs နှင့် တော်လှန်ရေး အင်အားစုများသို့ အကြံပြုချက်များ၊ လူထုအခြေပြုအဖွဲ့အစည်း (CSOs)နှင့် ရပ်ရွာ အခြေပြုအဖွဲ့အစည်း (CBO)များသို့ အကြံပြုချက်များနှင့် ပြည်သူလူထုများသို့ အကြံပြု တိုက်တွန်းချက်များ ပါဝင်သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာ၏ တုံ့ပြန်ဆောင်ရွက်မှုများကို ရာမညအင်စတီကျု နိုင်ငံရေး သုတေသနဌာနက လေ့လာစောင့်ကြည့်လျက်ရှိရာ စက်တင်ဘာ (၁)နေ့မှ (၂၀) ရက်နေ့အထိ ရေဘေးကိစ္စရပ်အပါအဝင် နိုင်ငံရေး၊ စစ်ရေးစသည့် မြန်မာနိုင်ငံ၏ ကိစ္စရပ်များ၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ မြန်မာ့အရေးအတွင်း ပါဝင်ပတ်သက်မှုနှင့် နိုင်ငံတကာတို့၏ ဆက်စပ်ပုံတို့ကို ရေးသားတင်ပြထားပါသည်။
RICE, September Week-4
ရာမညအင်စတီကျူနိုင်ငံရေးသုတေသနဌာန၏ ယ္ခုစက်တင်ဘာလ ဒုတိယသတ္တပတ်၏ စစ်ရေးဆိုင်ရာ သုံးသပ်ချက်တွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်လွှတ်ခဲ့ရသည့် လွှတ်ရှမ်းစခန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) က တဖန်ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အကြောင်းကို ကနဦးတင်ပြထားသည်။ ထို့နောက် မွန်ပြည်တွင်း တိုက်ပွဲအခြေအနေနှင့် လာမည့် ပွင့်လင်းရာသီ အချိန်အခါ၌ မွန်ပြည်သူများ စစ်ရေးအသိ ထားရှိပြီး သတိထားနိုးကြားနေစေရန် သတင်းစကားပါးထားသည့် အကြောင်းတို့ကို လေ့လာဖတ်ရှုရမည် ဖြစ်ပါသည်။
ရုပ်သံကြည့်ရှုရန် >>>
ဗြိတိသျှကိုလိုနီ နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိခဲ့သော်လည်း ဗမာလက်အောက်မှ မလွတ်မြောက်သေးသော မွန်လူမျိုးတို့က ခေတ်သစ်မွန်တော်လှန်ရေး စတင်ခဲ့သည်မှာ (၇၇) နှစ်မြောက် ရှိခဲ့ပြီဖြစ်သည်။ မွန်တို့၏ လက်နက်ကိုင်တော်လှန်ရေး အတက်အကျရှိခဲ့ပြီး နှစ်တိုင်းအစဉ်အလာမပျက် တော်လှန်ရေးအခမ်းအနား ပြုလုပ်လျက်ရှိရာ ယခုနှစ်အတွင်း ထူးခြားပြီး သတိပြုစရာ ထုတ်ပြန်ကြေညာချက်များ၊ မွန်တော်လှန်ရေးအပေါ် ဝေဖန်ဆန်းစစ်ချက်နှင့် မွန်ပြည်သူ့ညီလာခံမှ မွန်ပြည်တည်ဆောက်ရေး မဟာဗျူဟာ ရေးဆွဲရန် လိုအပ်သည့် အကြောင်းကို ရေးသားထားသည်။
ရုပ်သံကြည့်ရှုရန် >>>
ယ္ခုသြဂုတ်လအတွက် လစဉ်လူမှုစီးပွါးရေး သုံးသပ်ချက်တွင် ပုံမှန်လည်ပတ်နိုၚ်မှု မရှိသေးသည့် မွန်ပြည်ရှိ စာသင်ကျောင်း တချို့နှင့် ကျန်းမာရေးအခြေအနေတို့ကို ကနဦးတင်ပြထားပါသည်။ မွန်ပြည်နယ်မှ ရေးမြို့နယ်၏ ဒေသတွင်း စီးပွါးရေးအခြေအနေကို အသားပေးတင်ပြသွားမည် ဖြစ်ပါသည်။ ရေးမြို့နယ်သည် မွန်ပြည်နယ်၏ ကွမ်းသီးစိုက်ဧက အများဆုံးနှင့် ကွမ်းသီးအများဆုံး ထွက်ရာ မြို့နယ် (၄) ခုအနက် တစ်ခု ဖြစ်ပါသည်။ ရေးမြို့နယ်တွင် ယ္ခင်က ကွမ်းသီး အစိုနှင့် အခြောက် (၂) မျိုးကိုသာ စျေးကွက်အတွင်း ရောင်းဝယ်ကြပါသည်။ အာဏာသိမ်းပြီး (၂) နှစ်အတွင်း မွန်ဒေသ ရေးမြို့နယ်ဘက်ကို ကွမ်းသီးနုရောင်းဝယ်မှု တွင်ကျယ်လာပုံကို ဖတ်ရှုရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာ၏ တုံ့ပြန်ဆောင်ရွက်မှုများကို ရာမညအင်စတီကျုနိုင်ငံရေး သုတေသနဌာနက လေ့လာစောင့်ကြည့်လျက်ရှိရာ ဩဂုတ်လ(၁)နေ့မှ (၂၂) ရက်နေ့အထိ အာဆီယံအပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ အရှေ့တီမောစသည့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာ့အရေးနှင့် ပတ်သက်၍ ပြောဆိုမှုများရှိနေပါသည်။ ယင်းအပြင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံ၏ အရေးတကြီး တုံ့ပြန်လာတာကိုလည်း တွေ့မြင်ရပေမည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယိပြောသည့် စည်း(၃)စည်း အကြောင်းကိုလည်း ရေးသားတင်ပြထားပါသည်။
August Week-4 Peace A
ရုပ်သံကြည့်ရှုရန် >>>
၁၀၂၇ စစ်ဆင်ရေးအလွန်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကျပြီး ရှမ်းမြောက်ဒေသတွင် ပြောင်းလဲဖြစ်ပေါ်လာသော အုပ်ချုပ်သူအသစ်နှင့် ပတ်သက်ပြီး ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ ယော့ခ်တက္ကသိုလ် အာရှသုတေသနဌာနက သုတေသီ ကိုထက်မင်းလွင်၏ အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်ချက်ကို ယခုတပတ်သုံးသပ်ချက်တွင် ကနဦးတင်ပြထားသည်။ ထို့နောက် လားရှိုးမြို့ကို MNDAA က ၎င်းတို့၏ အထူးဒေသ(၁)အတွင်း နယ်မြေချဲ့ထွင်ပြီး အုပ်ချုပ်လိုက်သည့်အကြောင်းနှင့် နောက်ဆုံးတွင် ရမခကျဆုံးခြင်းနှင့် မြန်မာစစ်တပ်လားရာ မည်သို့ ဦးတည်နေသည်ကို တွေးမြင်မှန်းဆနိုင်အောင် ရေးသားထားသည်။
ရုပ်သံကြည့်ရှုရန် >>>