Posted inလစဉ် သုံးသပ်ချက်များ သုံးသပ်ချက်များ
ငြိမ်းချမ်းရေးသုံးသပ်ချက်(မတ်လ)
ပြည်ထောင်စုဟု ဆိုသော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့က ပြည်တွင်းငြိမ်းချမ်းရေး ရရှိ အောင် ကြိုးပမ်းအားထုတ်လာခဲ့သည်မှာ မရေတွက်နိုင်အောင် အကြိမ်ရေများခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပါ။ အဘယ့် ကြောင့်နည်း။ သက်ဆိုင်ရာအစုအဖွဲ့များ အားလုံးကို တန်းတူအခွင့်အရေးမပေးခြင်းကြောင့်ဟု ယေဘုယျအားဖြင့် ပြောဆိုနိုင်သည်။ လူမျိုးစု တစုတည်းက လွှမ်းမိုး၍ ပြည်နယ်များကို ပြည်ထောင်စုအောက်တွင် အတင်းသွတ်သွင်းခဲ့သည်။ ထို့ကြောင့် ပြည်တွင်းစစ် နှစ်ပေါင်း(၇၀)ကျော် ဖြစ်ပွားခဲ့သည်။…
