၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ လူမှု-စီးပွားသုံးသပ်ချက် အစီရင်ခံစာ
စက်တင်ဘာလ (၁) လတည်းပင် မွန်ပြည်နယ်၌ ဗုံးကြဲတိုက်ခိုက်ခံရခြင်းနှင့်အတူ ဓားပြတိုက်မှု၊ အုပ်စုဖွဲ့ လုယက်မှု၊ ဒီဂျစ်တယ် လုံခြုံမှု၊ စစ်မှုထမ်းမှု နှင့် ပြန်ပေးဆွဲမှု စသည့် ဒုစရိုက်အန္တရာယ်များ ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး စီးပွားရေးနယ်ပယ်တွင်လည်း ပြည်သူပိုင် ပစ္စည်းများ သိမ်းဆည်းခံရခြင်း၊ သွင်းကုန်နှင့် ကုန်စည် ကန့်သတ်ချက်များအပြင် မူလကပင် မလောက်ငသော စက်သုံးဆီပမာဏ ထက်ဝက်နီးပါး လျှော့ချခံနေရပါသည်။ စစ်အုပ်စု၏…









