ပေါဲဗ္တိုက်ဟွံမွဲ ၜိုဟ်သြိုဟ်အာ ဟွံသေၚ်

ပေါဲဗ္တိုက်ဟွံမွဲ ၜိုဟ်သြိုဟ်အာ ဟွံသေၚ်

  နိဒါန် မၞိဟ်ဒးဒုၚ်ရပ်ထိၚ်တအ် ၜိုန်ရကလေၚ်ဗၠးတိတ်ကၠုၚ်မာန်ကီုလေဝ် မၞိဟ်မဒးဒုၚ်ချိုတ်အာတအ်ဂှ် ဂွံကလေၚ်ဂျိုၚ်ကၠုၚ်ပၠန်ဂှ် ဒှ်ဟွံမာန်ရ။ သၞာံ (၂၀၂၆) နူဂိတုဂျာန္နဝါရဳ စဵုကဵုစိုပ် ဂိတုသာပ်တေမ်ၝာ  ပွိုၚ် (၉) ဂိတုဏံ ပ္ဍဲပွိုၚ်ဍုၚ်ကျာ်ထဝ် ကေုာံ ပွိုၚ်ဍုၚ်ၜဳကလေၚ်တံဂှ် ပရေၚ်ဗတိုက်နကဵုက္ၜၚ်ကျာ (၁၀၇) ဝါ၊ လွဟ်ဇၞော် (၃၆) ဝါ ကေုာံ ညးဍုၚ်ကွာန်မဒးချိုတ်အာ (၂၅) တၠ၊ ညးဒးဘဲဝပ် (၅၆)…
တိုက်ပွဲမရှိတိုင်း ငြိမ်းချမ်းနေသည်မဟုတ်

တိုက်ပွဲမရှိတိုင်း ငြိမ်းချမ်းနေသည်မဟုတ်

နိဒါန်း ဖမ်းဆီးခံရသူများသည် ပြန်လည်လွတ်မြောက်လာနိုင်သော်လည်း သေဆုံးသူများမှာ ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ချေ။ ယခု (၂၀၂၆) ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လတာအတွင်း ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ် တို့တွင် လေကြောင်းတိုက်ခိုက်မှု (၁၀၇) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၃၆) ကြိမ်နှင့် အရပ်သား သေဆုံးသူ (၂၅) ဦး၊ ဒဏ်ရာရရှိသူ (၅၆) ဦး ရှိခဲ့ပါသည်။…
မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။ ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့်…
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ လူမှု-စီးပွားသုံးသပ်ချက် အစီရင်ခံစာ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ လူမှု-စီးပွားသုံးသပ်ချက် အစီရင်ခံစာ

စက်တင်ဘာလ (၁) လတည်းပင် မွန်ပြည်နယ်၌ ဗုံးကြဲတိုက်ခိုက်ခံရခြင်းနှင့်အတူ ဓားပြတိုက်မှု၊ အုပ်စုဖွဲ့ လုယက်မှု၊ ဒီဂျစ်တယ် လုံခြုံမှု၊ စစ်မှုထမ်းမှု နှင့် ပြန်ပေးဆွဲမှု စသည့် ဒုစရိုက်အန္တရာယ်များ ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး စီးပွားရေးနယ်ပယ်တွင်လည်း ပြည်သူပိုင် ပစ္စည်းများ သိမ်းဆည်းခံရခြင်း၊ သွင်းကုန်နှင့် ကုန်စည် ကန့်သတ်ချက်များအပြင် မူလကပင် မလောက်ငသော စက်သုံးဆီပမာဏ ထက်ဝက်နီးပါး လျှော့ချခံနေရပါသည်။ စစ်အုပ်စု၏…
၂၀၂၆ ခုနှစ် (ဇူလိုင်-စက်တင်ဘာ) မွန်ပြည်နိုင်ငံရေးသုံးသပ်ချက်

၂၀၂၆ ခုနှစ် (ဇူလိုင်-စက်တင်ဘာ) မွန်ပြည်နိုင်ငံရေးသုံးသပ်ချက်

မွန်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ စစ်အနိဌာရုံမြင်ကွင်းများနှင့် လူမှု-စီးပွား ရိုက်ခတ်မှုများ နိဒါန်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း မွန်ဒေသ၏ အခြေအနေသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ၊ စစ်ရေး ဖိအားများနှင့် လူမှု–စီးပွားအကျပ်အတည်းများ တစ်ပြိုင်နက် ဖြစ်ပေါ်နေသည့် အခင်းအကျင်းဖြစ်သည်။ စစ်အုပ်စုက နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆက်ဆံရေးချဲ့ထွင်ရန် ကြိုးပမ်း နေချိန်တွင် မွန်အင်အားစုများအကြား နိုင်ငံရေးလမ်းစဉ်ကွဲပြားမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးလိုအပ်ချက်တို့လည်း ထင်ရှားလာသည်။ တစ်ဖက်တွင် စစ်ကြောင်းလှုပ်ရှားမှု၊…
မွန်တော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးနှင့် နိုင်ငံရေးလမ်းစဉ်

မွန်တော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးနှင့် နိုင်ငံရေးလမ်းစဉ်

နိဒါန်း (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၁၄) ရက်နေ့အထိ ကာလအတွင်း မွန်ပြည်နယ်၌ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ရေးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်တပ်မတော် (KNLA) နှင့် အာဏာသိမ်း စစ်အုပ်စုတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သကဲ့သို့ ကျိုက်ထိုမြို့နယ်တွင်လည်း လက်နက်ကြီးပေါက်ကွဲမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့သည်။ ဩဂုတ်လ (၁၉) ရက် ဇီးပြောင်းရွာနှင့်[1] စက်တင်ဘာလ…
စစ်အစိုးရ၏ အချိုးမညီသော သံတမန်ရေးရာ ဗျူဟာများ

စစ်အစိုးရ၏ အချိုးမညီသော သံတမန်ရေးရာ ဗျူဟာများ

မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ပြည်တွင်းရေး သက်သက်မဟုတ်တော့ဘဲ အရှေ့တောင်အာရှတခွင်၏ လုံခြုံရေး၊ သံတမန်ရေးရာ စံနှုန်းများနှင့် လူ့အခွင့်အရေး တာဝန်ခံမှုယန္တရားများကို ကြီးမားစွာ စိန်ခေါ်နေသော ပထဝီနိုင်ငံရေး ထုံးကျောက်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လလယ်မှ ဩဂုတ်လလယ်အထိ တစ်လတာ ကာလအတွင်း နေပြည်တော်စစ်အစိုးရ၏ သံတမန်ရေးရာ လှုပ်ရှားမှုများနှင့် နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားပေးတုံ့ပြန်မှုများ မြင်သာစွာ အပြိုင်ဖြစ်ပေါ်ခဲ့သည်။ ဤဆောင်းပါးသည်…
မွန်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုနှင့် ပဋိပက္ခအခြေအနေ

မွန်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုနှင့် ပဋိပက္ခအခြေအနေ

နိဒါန်း (၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်မှ ဩဂုတ်လ (၁၄) ရက်အထိ ကာလအတွင်း မွန်ပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ မိုးတွင်းကာလဖြစ်သော်လည်း တိုက်ပွဲများ လုံးဝရပ်တန့်သွားခြင်းမရှိဘဲ ဤကာလအတွင်း မွန်ပြည်နယ်၌ တိုက်ပွဲစုစုပေါင်း (၃) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု (၇) ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်များကို…
အာဏာသိမ်း စစ်အုပ်စု၏ ငြိမ်းချမ်းရေးခြေလှမ်းသစ်

အာဏာသိမ်း စစ်အုပ်စု၏ ငြိမ်းချမ်းရေးခြေလှမ်းသစ်

နိဒါန်း အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလှုပ်ရှားမှုများသည် ရက် (၁၀၀) စီမံကိန်းအတွင်း သိသိသာသာ တက်ကြွလာသည်။ အထူးသဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များနှင့်သာမက (NCA) ပြင်ပရှိ အင်အားကြီး (EAO) အဖွဲ့များနှင့်ပါ သီးခြားတွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လာသည်။…
၂၀၂၆ ခုနှစ် (ဧပြီ-ဇွန်) မွန်ပြည်နိုင်ငံရေးသုံးသပ်ချက်

၂၀၂၆ ခုနှစ် (ဧပြီ-ဇွန်) မွန်ပြည်နိုင်ငံရေးသုံးသပ်ချက်

မွန်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ စစ်အနိဌာရုံမြင်ကွင်းများနှင့် လူမှု-စီးပွား ရိုက်ခတ်မှုများ   နိဒါန်း ၂၀၂၆ ခုနှစ် အလယ်ပိုင်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအသံ ဆူညံလာသလို ရှိသော်လည်း သေနတ်သံ မတိတ်သေးပါ။ ဤသုံးလပတ် နိုင်ငံရေးသုံးသပ်ချက်တွင် မွန်ပြည်တွင်း နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ စစ်အနိဌာရုံမြင်ကွင်းများနှင့် ပြည်သူ လူထုများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လူမှု-စီးပွားဘဝ အခြေအနေများကို လေ့လာမှတ်သားရပေမည်။ ဧပြီလမှ ဇွန်လအထိ ဖြစ်ပျက်ခဲ့သော သတင်းမှတ်တမ်းများကို အခြေခံ၍…