ငြိမ်းချမ်းရေး တည်ဆောက်မှု သုတေသန စီမံကိန်း

0
  • လၟေၚ်ကမၠောန် သုတေသန ဒက်ပတန်ပရေၚ်ၜိုဟ်လလံ
  • ငြိမ်းချမ်းရေး တည်ဆောက်မှု သုတေသန စီမံကိန်း

လၟေၚ်ကမၠောန်သုတေသန ပရေၚ်ၜိုဟ်လလံဝွံ ဒးစလ္ၚတ် ပရူပရေၚ်ၜိုဟ်လလံ ပ္ဍဲကၟိန်ဍုၚ်ပိုဲတံ စပ္တံကဵု သမတဥူတိၚ်သိၚ် ကော်ဘိက် ဂကောံရပ်လွဟ်ကောန်ဍုၚ်အရေၚ်တံ ဒေံါကၠုၚ်ပန်ပှေ်ာ ပ္ဍဲသၞာံ (၂၀၁၂) တေံရောၚ်။ ဂကောံရပ်လွဟ်ကောန်ဍုၚ်အရေၚ် (Ethnic Armed Organizations – EAOs) ဂၠိုၚ်ကဵုဂကောံ ထ္ပက်စၟတ်တဲ ကေတ်တၚ်တုပ် ဒေံါပန်ပှေ်ာ ကဵုအလဵုအသဳ ဒေသညးကဵုညးရ။ ပ္ဍဲသက္ကရာဇ် (၂၀၁၅) ဂှ်တှေ် အလဵုအသဳဥူတိၚ်သိၚ် ဒတုဲထောံ လိက်ကသုက်တၚ်တုပ်စိုတ် ဒေံါပန်ပှေ်ာအလုံဍုၚ် (Nationwide Ceasefire Agreement – NCA) ကီုရ။ ကြဴနူဂှ် ပ္ဍဲလက်ထက် အလဵုအသဳ အေန်အေဝ်ဒဳ (NLD Government) ဂှ်တှေ် ကော်ဂွံသဘၚ်သဳကၠဳပရေၚ်ၜိုဟ်လလံ (၂၁) ဗွဝ်ကၠံ ဗၞတ် (၄) ဝါရ။ ဂွံကၠုၚ်တၚ်တုပ်စိုတ် တၚ်နၚ်သွက်ဂွံဒက်ပတန်အာ ကၟိန်ဍုၚ်ဖေဝ်ဒရေဝ်ရ။

သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို နှစ်ဖက်စလုံး ဆွေးနွေးမှုပြုလုပ်ရန် ဖိတ်ခေါ်ပြီးနောက် မြန်မာတနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့သည် ၂၀၁၂ ခုနှစ်တွင် အသက်ဝင်လာခဲ့သည်။ ဦးသိန်းစိန် အစိုးရ အဖွဲ့မှ ဝန်ကြီး ဦးအောင်မင်းသည် ညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ဦးဆောင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ၎င်းတို့၏ နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်များအား တွေ့ဆုံခဲ့သည်။ ဦးအောင်မင်း၏ ငြိမ်းချမ်းရေး ညှိနှိုင်းရေး လုပ်ငန်းစဉ်များသည် အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ နှစ်ဖက် သဘောတူညီချက်များအတွက် ဖော်ဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ တောင်ပိုင်းတွင် မွန်ပြည်သစ်ပါတီ (NMSP) သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ဖက် သဘောတူ အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပြီး ကရင်အမျိုးသား လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းရုံး (KNU)သည်လည်း ၂၀၁၂ မတ်လတွင် လက်မှတ်ရေးထိုးခဲ့သည်။ အခြား နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ်ကို ရှမ်း၊ ကရင်နီ နှင့် ချင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို၏ သက်ဆိုင်ရာဒေသများတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ နှစ်ဖက် သဘောတူ အပစ်ခတ်ရပ်စဲရေးသည် တိုင်းရင်းသားဒေသများနှင့် အချို့သော တိုင်းဒေသကြီးများတွင် အကောင်ထည်ဖော်နိုင်ခဲ့သည်။

နှစ်ဖက် သဘောတူညီမှု စာချုပ်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ၎င်းတို့၏ ဒေသအတွက် အကျိုးခံစားခွင့်များစွာ ရှိသည်။

o လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့နည်းသွားခြင်း။
o တိုင်းရင်းသား လူမျိုးများသည် နေ့စဉ်ဘဝ လှုပ်ရှားမှုများ၊ လယ်ယာ စိုက်ပျိုးရေးနှင့် အခြား အသက်မွေးဝမ်းကြောင်းဆိုင်ရာ
လုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်ခြင်း။
o ကုန်သွယ်ရေးနှင့် အရောင်းအဝယ်များသည်လည်း အပစ်ခတ်ရပ်စဲရေးဒေသမှ အခြားဒေသတို့ ပိုမိုကျယ်ပြန့်စွာ ကူးသန်း
ရောင်းဝယ် နိုင်လာခြင်း။
o တိုင်းရင်းသား ဒေသရှိ အိုးအိမ်စွန့်ခွာ တိမ်းရှောင်သူများသည် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပိုမို လက်လှမ်းမှီလာခြင်း။

သမ္မတ ဦးသိန်းစိန်သည် နှစ်ဖက်သဘောတူညီ စာချုပ် ရေးထိုးခဲ့သည့် EAOs များအား တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် ရေးထိုးရန် ဆက်လက် ဖိတ်ကြားခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည် သမ္မတ သက်တမ်း ကုန်ဆုံးရက် မတိုင်မီ ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် ကျောင်းသားများ လက်နက်ကိုင်အဖွဲ့ ABSDF တို့နှင့် လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၄ ကြိမ်တိတိ ကျင်းပနိုင်ခဲ့သည်။နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့် အညီ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ညီလာခံများကို ငြိမ်းချမ်းရေး လှုပ်ရှားသူများက ပါဝင်တက်ရောက်ခဲ့သည်။ ဤညီလာခံများတွင် ပြည်ထောင်စု သဘောတူညီချက်များအား သဘောတူမှုရရှိခဲပြီး ၎င်းသည် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် အခြေခံကျသော သဘောတူညီချက်များ ဖြစ်သည်။

ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ

  • ယခင် မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ပြည်ထောင်စု သဘောတူညီချက်များနှင့် ၎င်းတို့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို လေ့လာဆန်းစစ်ရန်။
  • ကမ္ဘာတဝှမ်းရှိ အခြားနိုင်ငံများမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များကို လေ့လာဆန်းစစ်ပြီး ဤငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များ၏ ရလဒ်များအပေါ် သုတေသန ပြုရန်။
  • ငြိမ်းချမ်းရေး လှုပ်ရှားနေသူများကို ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များအပေါ် အကြံပြုချက်များနှင့် သုံးသပ်ချက်များကို ပံ့ပိုးပေးရန်။

ပြီးခဲ့သည့် (၂၀၁၅) ခုနှစ်ကတည်းက တနိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် စာချုပ်များ၊ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံများမှ ပြည်ထောင်စု သဘောတူညီချက်များကို အောက်ပါအတိုင်း ရရှိနိုင်သည်။

  • လိက်ကသုက်တင်တုပ်စိုတ် ဒေံါပန်ပှော် အလုံကိူန်ဍုင် (NCA) – ဘာသာမန် (မွန်ဘာသာ)
  • တနိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် (မြန်မာဘာသာ)
  • ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁)
  • ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၂)
  • ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၃)
Share.

About Author

Leave a Reply