ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း (၂၀၂၀)

ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း (၂၀၂၀)

  • တန်ဗတောန် ကဵုပညာစုတ်မာဲ။
  • ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း (၂၀၂၀)

လၟေၚ်ကမၠောန်မဟာဇန် ချဳဒရာၚ် ပေဲါရုဲမာဲ (၂၀၂၀) သွက်ဂွံဗၠးၜးနွံဓရ်ဍာံ" (Civic Action for Free and Fair Elections 2020) ဝွံ ကၠာဟွံစိုပ်တ္ၚဲပေဲါရုဲမာဲ ပွိုၚ် (၂) ဂိတုဂှ်တှေ် စှေ်အာ ဒေသရးမန် ဗွဲမဂၠိုၚ် ကဵုပညာကုညးဍုၚ်ကွာန်တံ သွက်ဂွံစုတ်မာဲရ။ ကဵုဂွံပညာစုတ်မာဲ ကု ညးဍုၚ်ကွာန် ဗၞတ် (၁၁၁၈၀) တၠရ။ ဒုၚ်လိက်ဒုၚ်စဳရေၚ်ဂှ် ကလိဂွံမာန်ရ။

လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲ လူထုလှုပ်ရှားမှု အစီအစဉ်အနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် (၁၄) မြို့နယ်မှ မဲပေးခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိရန် ရည်ရွယ်ပြီ်း မဲဆန္ဒရှင် အသိပညာပေးသင်တန်း (Voters Education) ကို သြဂုတ်လ နှောင်းပိုင်းတွင် သင်ကြားပို့ချခဲ့သည်။

CAFFE Project တွင် မဲပေးခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း (TOT) အတွက် မြို့နယ် (၁၄) မြို့ နယ်တွင် သင်တန်းဆရာ (၃၃၀ ) ဦးအား သင်တန်းပေး မွမ်းမံခဲ့သည်။ ထို့နောက်၊ ထိုသင်တန်းဆရာ/ ဆရာမများမှ မိမိတို့ မြို့ နယ်များအလိုက် တရွာဝင်တရွာထွက် မဲဆန္ဒရှင်အသိပညာပေးသင်တန်း ပေးအပ်ရာ (၁၄) မြို့ နယ်တွင် သင်တန်းသို့ တက်ရောက်လာသူ ဦးရေ (ကျား) ၄၁၆၉ ဦး နှင့် (မ) ၇၀၁၁ ဦး ဖြစ်ပြီး စုစုပေါင်း (၁၁၁၈၀) ဦး ပါဝင် တက်ရောက်ခဲ့သည်။

Download full report in PDF 

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply