ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တရပ် ဖွဲ့စည်းရန် အဘယ့်ကြောင့်အရေးကြီးသနည်း။

0

ဒေါက်တာနိုင်ပညာမွန်

စစ်ဦးစီးချုပ် မင်းအောင်လှိုင် ဦးဆောင်သည့် နစက စစ်ကောင်စီ စစ်တပ်အုပ်ချုပ်ရေးကို ဖယ်ရှားရန်နှင့် မြန်မာနိုင်ငံတွင် တန်းတူ ညီမျှသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ကို တည်ထောင်သင့်သည်။ သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင် အဆက်ဆက်သော စစ်အစိုးရများနှင့် အာဏာရှင်များကို ဆန့်ကျင်တိုက်ခိုက်သော ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိခဲ့ပါ။ ဗမာကွန်မြူနစ်ပါတီ၊ ပြည်ချစ်ပြည်သူပါတီ

နှင့် ABSDF ကျောင်းသားတပ်မတော် ကဲ့သို့သော လက်နက်ကိုင်အုပ်စုများတွင် ဗမာလူမျိုးခေါင်းဆောင်များက ဦးဆောင်ခဲ့သော်လည်း ၎င်းတို့သည် ဗမာအဖွဲ့အစည်းများဖြစ်ပြီး ဗမာတိုင်းရင်းသားအားလုံးကို ကိုယ်စားမပြု ဆိုကြသည်။ အနာဂတ်တွင် စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတရပ် ဖွဲ့ စည်းရာတွင် တန်းတူရည်တူ ပါဝင်ရေးအတွက် မိမိတို့ ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အကျိုးစီးပွားအား ကာကွယ်ရန် ဗမာတိုင်းရင်းသားတို့ ၏ နိုင်ငံရေးနှင့် စစ်ရေး ကိုယ်စားပြုသည့် လက်နက်ကိုင် အဖွဲ့ အစည်းတရပ် ထူထောင်ရန် လိုအပ်သည်။

အောက်ဖော်ပြပါ အကြောင်းအရာများကြောင့် ဗမာလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းခြင်းသည် အလွန်အရေးကြီးကြောင်း ဖော်ပြလိုပေသည်။

၁။ ဗမာလူမျိုးစုတွင် လက်နက်ကိုင်အဖွဲ့ စည်း ရှိပါက ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းသည့်အချိန်တွင် ဗမာတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို ကိုယ်စားပြုနိုင်သည်။ လက်ရှိ မြန်မာ့တပ်မတော်ကို ဗမာလူမျိုး စစ်ဗိုလ်ချုပ်များက ဦးဆောင်သော်လည်း ဗမာ့ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အကျိုးစီးပွားကို ကိုယ်စားမပြုပါ။ မြန်မာ့တပ်မတော်သည် မိမိတို့ ၏ ဗမာလူမျိုးကို သတ်ဖြတ်သည့်အတွက် ၎င်းစစ်တပ်ကို ဗမာလူမျိုးအများစုမှ လက်မခံနိုင်ဟု ကွ္ပျနု်ပ် ယုံကြည်သည်။

၂။ ဗမာလူမျိုးသည် လူဦးရေ အများဆုံးဖြစ်သည့် လူမျိုးစု ဖြစ်သောကြောင့် ၎င်းတို့သည် စစ်တပ်အုပ်ချုပ်ရေးကိုကို ဆန့်ကျင် တိုက်ဖျက်ရန် အရေးအကြီးဆုံးအင်အား ဖြစ်သည်။ ၎င်းတို့သည် လက်နက်ကိုင်တော်လှန်မှုများ၏ အစိတ်အပိုင် မပါဝင်ပါက မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်ရေးကို ဖယ်ရှား ပစ်နိုင်လိမ့်မည် မဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များသည် မြန်မာစစ်တပ်ကို နှစ် (၇၀) ကျော် တိုက်ခိုက်သော်လည်း စစ်တပ်အုပ်ချုပ်ရေးကို ဖျက်သိမ်းရန် မအောင်မြင်သေးပါ။ အကြောင်းမှာ ၎င်းတို့ မှ မြန်မာ့စစ်တပ်ကို တိုက်ခိုက်နေသည့်အချိန်တွင် ဗမာလူမျိုးအများစုသည် စစ်တပ်ကို တနည်းတဖုံ ပံ့ပိုးကူညီ နေခဲ့ကြသောကြောင့်ဖြစ်သည်။ စစ်အုပ်ချုပ်ရေးအား တိုက်ဖျက်နိုင်ရန်အတွက် ဗမာလူမျိုးသည် စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင် ကန့်ကွက်ရုံသာမက လက်နက်ကိုင် တိုက်ခိုက်ခြင်းနှင့် လက်နက်ကိုင်တော်လှန်သည့် အဖွဲ့အစည်းများ ဖွဲ့စည်းရန် လိုအပ်သည်။

၃။ တန်းတူရေးကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အလို့ငှာ ဗမာလူမျိုးသည် ဗမာလွှမ်းမိုးသောဒေသများ၌ စစ်ရေးထိန်းချုပ်မှုများ တည်ဆောက်ရန်သာမက နိုင်ငံရေးအရ ဗမာပြည်နယ် ထူထောင်ရန်လည်း လိုအပ်သည်။ ဗမာလက်နက်ကိုင် အဖွဲ့အစည်းအောက်တွင် ဗမာပြည်နယ်တစ်ခု ထူထောင်သင့်သည်။ ထို့ကြောင့် လက်နက်ကိုင်အုပ်စုသည် ပြည်နယ်အတွင်းရှိ ပြည်သူလူထု၏ အကျိုးစီးပွားကို တကယ် ကာကွယ်နိုင်မည် ဖြစ်သည်။

၄။ ဗမာလူမျိုးတွင် တောင့်တင်းသည့် နိုင်ငံရေးအင်အားစုများရှိသဖြင့် လက်နက်ကိုင်အင်အားစုများနှင့် ဆက်စပ်လိုက်ပါက အခြားသော တိုင်းရင်းသားအုပ်စုများနှင့် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ တန်းတူသော မဟာမိတ်အဖြစ် ထူထောင်နိုင်ပြီး အနာဂတ်ပြည်ထောင်စု၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအကျိုးစီးပွားတို့ ကိုပါ ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် ဗမာလူမျိုးများသည် မိမိတို့အား အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် တူညီသော မိတ်ဖက်အဖြစ် ရှုမြင်ပါက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအောက်ရှိ ယူနစ်အားလုံး (ပြည်နယ်များ) သည် တန်းတူပါတနာ (မဟာမိတ်) များ ဖြစ်လာလိမ့်မည်။ မည်သည့် ပြည်နယ်ကမျှ နိုင်ငံရေးအရနှင့် စစ်ရေးအရ ပိုမိုသာလွန်မည် မဟုတ်ပါ။

၅။ ဗမာလူမျိုးများသည် သူတို့ကိုယ် သူတို့ ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ဖက်ဒရယ်တပ်မတော်တွင် ယူနစ်တစ်ခုအဖြစ် မမြင်ပါက ကျွန်ုပ်တို့သည် နိုင်ငံရေးအရ တန်းတူညီမျှမှုကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပါ။ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိခြင်းသည် တန်းတူညီမျှသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ခြင်းကို ဦး တည်စေသည်။

ဗမာတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့သည် EAO များ အခြေမခံသည့် ဒေသများဖြစ်သည့် မြန်မာနိုင်ငံအထက်ပိုင်းရှိ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အခြေစိုက်ရန် လိုအပ်သည်။ ၎င်းဒေသများရှိ နိုင်ငံရေးနှင့် စစ်ရေး ထိန်းချုပ်မှုများကို တည်ဆောက်ရန် လိုအပ်သည်။ နိုင်ငံရေးနှင့် စစ်ရေးထိန်းချုပ်မှု နယ်မြေများကို တည်ဆောက်နိုင်လျှင် ဗမာတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည် ကြီးထွားလာပြီး ရှင်သန်နိုင်သည်။ ဗမာလူမျိုးအများစု နေထိုင်သည့် ဒေသများတွင် အခြေစိုက်မှသာ အင်အားတည်ဆောက်မှုအတွက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုလက်နက်ကိုင်အဖွဲ့သည် ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုဒေသများ၌ သို့မဟုတ် EAOs ထိန်းချုပ်ဒေသများအောက်တွင် အခြေစိုက်ပါက သီးခြား လွတ်လပ်စွာ အလုပ်လုပ်နိုင်မည် မဟုတ်ပါ။ ဥပမာအားဖြင့် ၎င်း EAOs များ၏ ထိန်းချုပ်နယ်မြေတစ်ခုခုတွင် အခြေစိုက်မည်ဆိုပါက ထို EAO များမှ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပါက တိုက်ခိုက်မှုများလည်း ရပ်တန့်သွားမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ်ပါက နိုင်ငံရေးနှင့် စစ်ရေး ထိန်းချုပ်မှုဒေသများ တည်ဆောက်နိုင်မည် မဟုတ်ပါ။ သို့သော် ၎င်းလက်နက်ကိုင်အဖွဲ့ သည် EAO များမှ စစ်သင်တန်းများနှင့် အထောက်အပံ့များ ရရှိနိုင်မည် ဖြစ်သည်။ သို့သော် သင်တန်းပြီးဆုံးသွားသောအခါ၊ ဗမာလူမျိုးများ နေထိုင်ရာဒေသများတွင် နိုင်ငံရေးနှင့် စစ်ရေးထိန်းချုပ်မှု နှစ်ခုစလုံးကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်သည်။ သို့မှသာ နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်များ အောင်မြင်နိုင်မည်ဖြစ်သည်။

အချို့သော ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများအနေဖြင့် ဗမာလူမျိုးအခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများ ရှိခြင်းသည် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေနိုင်သည်ဟု စိုးရိမ်ကြသည်။ အဖွဲ့အစည်းများ၏ ရည်မှန်းချက်သည် တန်းတူညီမျှသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရန် ရည်ရွယ်မည်ဆိုပါက လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်လိမ့်မည် မဟုတ်ပါ။ ၎င်းသည် တိုင်းရင်းသားလူမျိုးစုများအကြား သဟဇာတဖြစ်မှုနှင့် နိုင်ငံရေးတန်းတူညီမျှမှုကို တည်ဆောက်ရန် အထောက်အကူပြုလိမ့်မည်။ အကယ်၍ အဖွဲ့၏ရည်မှန်းချက် ပန်းတိုင်များသည် မြန်မာပြည်တွင် ဗမာနယ်မြေတိုးချဲ့ ရေးနှင့် ဗမာလူမျိုးကြီးဝါဒ ထူထောင်ရန် ရည်ရွယ်မည်ဆိုပါက တိုင်းရင်းသားလူမျိုးစု ပဋိပက္ခများကို ပိုမိုဆိုးဝါးစေလိမ့်မည်။

အချို့သော ဗမာလူမျိုးများသည် ဤအတွေးအခေါ်ကို နှစ်သက်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဗမာလူမျိုး တိုင်းရင်းသားကို ကိုယ်စားပြုသည်ဟု ဆိုပါက ၎င်းတို့ အနေဖြင့် အမျိုးသားနိုင်ငံရေးတွင် သြဇာ လွှမ်းမိုးနိုင်မှုကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့အနေဖြင့် ဖက်ဒရယ် နိုင်ငံရေးစနစ်အောက်တွင် ၎င်းတို့ တိုင်းရင်းသားဒေသအခြေပြု နိုင်ငံရေးအဖွဲ့အစည်းများမှတဆင့် အမျိုးသားနိုင်ငံရေးတွင် ထပ်မံသြဇာ လွှမ်းမိုးနိုင်သည်။

ထို့ကြောင့် ဗမာတိုင်းရင်းသား ကိုယ်စားပြု လက်နက်ကိုင်အဖွဲ့အစည်းများရှိခြင်းဖြင့် စစ်တပ်အုပ်ချုပ်ရေး စနစ်ကို ဖယ်ရှားရန်နှင့် မြန်မာနိုင်ငံတွင် တန်းတူသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အောင်မြင်ရန် အရေးကြီးသည်။ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုအများစုတွင် ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့ များ ရှိသည်၊ သို့သော် ဗမာလူမျိုးများတွင် မရှိပါ။ ထို့ကြောင့် ၎င်းတို့ ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့ အစည်း ရှိသင့်ပါသည်။ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းသည့်အခါ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ဖက်ဒရယ်တပ်မတော်တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများကဲ့သို့ ကိုယ်စားပြုရမည်။

(ဤဆောင်းပါးသည် ကျွန်ုပ်၏ ကိုယ်ပိုင်ထင်မြင်ချက်သာ ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်နှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ၏ ထင်မြင်ချက်ကို ထင်ဟပ်ခြင်းမရှိပါ။)

Download in PDF

Share.

About Author

Leave a Reply