ငြိမ်းချမ်း‌‌ရေးသုံးသပ်ချက်(‌မေလ)

0

ထပ်ခါထပ်ခါ ပြနေသော်လည်း မရိုးသေးသော ငြိမ်းချမ်းရေးဆွေးနွေးပွဲဇာတ်ကားကို နေပြည်တော်တွင် အပိုင်းလိုက် ထပ်မံ၍ ရုံတင်ပြသနေသည်။ ရွေးကောက်ခံအစိုးရမှ အာဏာသိမ်းထားသော နစက စစ်ကောင်စီက တိုင်းပြည်တည်ငြိမ်အောင် နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်နေသော်လည်း နိုင်ငံအနှံ့ သူပုန်ထသူတို့က “ဖိနှိပ်လေ ထကြွလေ” ဆိုသည့်အတိုင်း တနေ့တခြား ပို၍ပင် အင်အားကြီးထွားလာနေသည်။ ပြည်တွင်းအကျပ်အတည်းအပြင် နိုင်ငံတကာ၏ ဝိုင်းကျဉ်မှုကိုပါ ခံနေရသော စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်တခု အမြန်ဆုံးရရှိ‌အောင် ကြိုးပမ်းနေရပြီ ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေပြင်တွင် တော်လှန်ရေးအင်အားစုများကို ဖိနှိပ်ဖြိုခွဲနေချိန်၊  ပြည်သူများ၏ အိုးအိမ်ကို မီးရှို့၍ စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုယ်တိုင်ကိုယ်ကျ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အား ငြိမ်းချမ်းရေးဆွေးနွေးထားသည့် အခြေအနေ၊ မေလအတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဆိုင်ရာ ဖြစ်ရပ်အချက်အလက်အချို့၊ မြန်မာပြည်တောင်ပိုင်း စစ်ဘေးဒုက္ခသည် အခြေအနေနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့ တုံ့ပြန်ခဲ့သည့် အကြောင်းကို ဖော်ပြသုံးသပ်သွားမည်။

Share.

About Author

Leave a Reply