ငြိမ်းချမ်း‌‌ရေးသုံးသပ်ချက်(‌‌ဇူလိုင်လ)

0

ရောင်စုံပဋိပက္ခမျိုးစုံနှင့် ပြည့်နှက်နေသော မြန်မာပြည်တွင် ငြိမ်းချမ်းရေးရရှိအောင် အကြမ်းဖက်နည်းလမ်းဖြင့် အာဏာရယူထားသည့် (နစက)စစ်ကောင်စီက အစွမ်းကုန် ကြိုးပမ်းနေသည်။ သို့သော်လည်း ထိုငြိမ်းချမ်းရေးအသီးအပွင့်သည် နေပြည်တော် အပြင်ဘက်သို့ ရောက်မလာပေ။ ငြိမ်းချမ်းရေးဆွေးနွေးသံများမှာလည်း ထိုအစည်းအဝေးခန်းမ အနီးတဝိုက်၌သာ ပြန့်လွင့်ကုန်ဆုံးသွားတတ်သည်။ နှစ်ပေါင်း ၄၀ ကျော်အတွင်း နိုင်ငံရေးအရ သေဒဏ်ပေးမှု မရှိခဲ့ဘဲ ယခု စစ်ကောင်စီ လက်ထက်မှာ သေဒဏ်စီရင်မှုကို ပြန်လည်စတင်လိုက်ပြီ ဖြစ်သည်။ မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် ‌နေပြည်တော်ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည့် အခြေအနေနှင့် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု ဖြစ်ရပ်များ၊ စစ်ရေးပဋိပက္ခဆိုင်ရာ ဖြစ်ရပ်အချက်အလက်အချို့နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့ တုံ့ပြန်ခဲ့သည့် အကြောင်းကို ဖော်ပြသုံးသပ်သွားမည်။

Share.

About Author

Leave a Reply