ငြိမ်းချမ်း‌‌ရေးသုံးသပ်ချက်(‌‌အောက်တိုဘာလ)

0

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်နေခြင်းနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း နေချိန်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်(န.စ.က – စစ်ကောင်စီ)မှ အာဏာသိမ်းလိုက်သည်။ ထို့နောက် ပြည်တွင်းမငြိမ်သက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ရာ စစ်ကောင်စီသည် တိုင်းပြည်၏ နေရာအနှံ့ အပြားတွင် အသစ်ပေါ်ပေါက်   လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)များနှင့် နဂိုရှိရင်းစွဲ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့(EROs)တို့ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသော်လည်း ယနေ့အချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ အခြားတဖက်တွင် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေး နေသယောင် ဟန်ပြနေသော်လည်း အောက်ခြေတွင် ၎င်းတို့တပ်ဖွဲ့ဝင်များက  တော်လှန်ရေးအင်အားစုများကို ဆက်လက်၍ ဖိနှိပ်ဖြိုခွဲနေသည်။ မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေ ချိန်တွင် NCA နှင့် ‌ငြိမ်းချမ်းရေးဆွေးနွေးထားရှိမှု အခြေအနေ၊  စစ်ရေးပဋိပက္ခဆိုင်ရာ ဖြစ်ရပ်အချက်အလက်များနှင့် နိုင်ငံတကာအသိုင်း အဝိုင်းက မည်ကဲ့သို့ တုံ့ပြန်ခဲ့သည့် အကြောင်းကို ဖော်ပြသုံးသပ်သွားမည်။

Share.

About Author

Leave a Reply