၂၀၂၃ ခုနှစ် ၊ မေလ (၈) ရက်နေ့မှ (၁၄) ရက်‌နေ့အထိ

0

အပတ်စဉ်သုံးသပ်ချက်

May 8-14, 2023

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ စုဖွဲ့ထားသော အဖွဲ့အစည်းများက နိုင်ငံရေးပြောင်းလဲမှုကြီးကြီးမားမားနှင့် ရင်ဆိုင်ရသည့်အခါ အားပျော့ပျက်စီးသွားလေ့ ရှိသည်။ မူလကိုင်စွဲထားသော မူများ ပစ်ပယ်၍ သူတစ်လူငါတစ်မင်း ရပ်တည်ကြပြီး ဗမာစစ်တပ် စစ်ဗိုလ်ချုပ်များ၏ သွေးခွဲသပ်လျှိုမှုကို အလူးအလဲ ခံနေကြရသည်။ အတိတ်သင်ခန်းစာ မယူကြဘဲ ပစ္စုပန်ရပ်တည်ရေး၊ ပစ္စုပန်သက်သာချောင်ချိရေး ကိစ္စကိုသာ စဥ်းစားပါက အနာဂတ်အတွက် ရင်လေးစရာဖြစ်မည်။ လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ယခုလက်ရှိစစ်ကောင်စီနှင့် စေ့စပ်ဆွေးနွေးပြီး ရနိုင်မည် မဟုတ်။ ယခင်က ဗမာပြည်မက တိတ်ဆိတ်နေရာမှ ယခုအချိန်တွင် Generation Z လူငယ်များ ဦးဆောင်ပြီး အညာမြေတွင်လည်း အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းနေကြပြီ ဖြစ်သည်။ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများနှင့် ဖက်ဒရယ်အင်အားစုတို့ စစ်‌ရေး၊ နိုင်ငံရေး ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်မှသာလျှင် စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်မည် ဖြစ်ပေသည်။

Share.

About Author

Leave a Reply