ခေတ်သစ်ကရင်နီပြည်အစိုးရ နှင့် မွန်နိုင်ငံရေးရေချိန်

0

ဇွန်လငြိမ်းချမ်းရေးသုံးသပ်ချက်

“ဖိလေ ကြွလေ” ဆိုသည့် နိယာမအတိုင်း နိုၚ်ငံ၏ ‌အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူ သိမ်းပိုက်ထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(စစ်ကောင်စီ)သည်  ယခုအချိန်တွင် ရန်သူများ ပတ်လည် ဝိုင်းရံလျက် ရှိသည်။ ယခုလ ငြိမ်းချမ်းရေးသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေး၏ အသီးအပွင့်တစ်ခုအဖြစ် ခေတ်သစ်ကရင်နီပြည်အစိုးရ ပေါ်ပေါက်လာပုံနှင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ရှင်းပြထားသည်။ တဆက်တည်းတွင် မွန်ဒေသအတွင်း KNU/KNLA ၏ တပ်မဟာ (၈) အကြောင်းကို ဖတ်ရှုရမည်။ မွန်ပြည်သစ်ပါတီအနေဖြင့် မွန်လူမျိုးတို့ကို ကာကွယ်ရန်နှင့် ထိန်းချုပ် နယ်မြေများ မဆုံးရှုံးရလေအောင် မည်ကဲ့သို့သော ခြေလှမ်းဖြင့် ဆက်လှမ်းသွားမည်နည်း။ မိမိတို့လူမျိုး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တော်လှန်‌ရေးအင်အားစုတို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မည်လော၊ စစ်ကောင်စီနှင့် အလိုက်သင့်နေပြီး နယ်မြေအဆုံးရှုံးခံ နိုင်ငံရေးသိက္ခာအကျခံမည်လော။ ယင်းအပြင် အမျိူးသမီးနှင့် ကလေးငယ်များအပေါ် ကျူးလွန်သည့် ဖက်ဆစ်စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်သည့်အကြောင်းလည်း ထည့်သွင်းရေးသားထားသည်။ ထို့နောက် မြန်မာပြည်တောင်ပိုင်းတွင် အရပ်သားသေဆုံးမှု စံချိန်တင် မြင့်တက်လာသည့်အကြောင်းကို RICE သုတေသနအဖွဲ့၏ မှတ်တမ်းက ဖော်ပြပေးမည်။  ယင်းအပြင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက မည်ကဲ့သို့ တုံ့ပြန်ပြောဆို ထားသည်ကအစ ဤစာတမ်းတွင် အကျယ်တဝင့် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

Share.

About Author

Leave a Reply