မြန်မာ့အရေးအပေါ် တရုတ်၊ အန္ဒိယနှင့် ထိုင်းတို့၏ တုံ့ပြန်မှု

မြန်မာ့အရေးအပေါ် တရုတ်၊ အန္ဒိယနှင့် ထိုင်းတို့၏ တုံ့ပြန်မှု

[နိုင်ငံတကာတုံ့ပြန်မှုကဏ္ဍ] မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိတွေ့နေသော နိုင်ငံများအနေဖြင့် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသာမက နယ်စပ်တွင် နေထိုင်နေကြသည့် ပြည်သူများ၏ နေ့စဉ် ကူးလူးဆက်ဆံမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု စသည့် နိစ္စဓူဝ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေရသည်။ တချိန်တည်းတွင် မြန်မာပြည်၏ လက်နက်ကိုင်ပဋိပက္ခများကြောင့် အိမ်နီးနားချင်းနိုင်ငံဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကလည်း နယ်စပ်ဒေသလုံခြုံရေးနှင့် ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားအတွက်…
စစ်ကောင်စီကင်းစင်နယ်မြေက အုပ်ချုပ်ရေးယန္တရားများ

စစ်ကောင်စီကင်းစင်နယ်မြေက အုပ်ချုပ်ရေးယန္တရားများ

[အုပ်ချုပ်ရေးကဏ္ဍ] မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးစနစ် တဖြည်းဖြည်း ပြိုလဲပျက်စီးလျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကိုယ်ထူကိုယ်ထ အုပ်ချုပ်ရေးယန္တရား တဖြည်းဖြည်း ထူထောင်လာသည်ကို တွေ့ရသည်။ ယခုတပတ်တွင် ကရင်နီပြည်၏ တရားစီရင်ရေးအကြောင်း လေ့လာချက် အပါအဝင် တအောင်းပြည်မှ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို CDM ဝန်ထမ်းများဖြင့် လည်ပတ်မည့်အကြောင်း၊ ယင်းအပြင် မွန်ပြည်ရှိ မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး…
မွန်ပြည်သစ်ပါတီ (AD) တစ်လပြည့်၊ စစ်ဆင်ရေးစပြီ

မွန်ပြည်သစ်ပါတီ (AD) တစ်လပြည့်၊ စစ်ဆင်ရေးစပြီ

[စစ်ရေးကဏ္ဍ] မထင်မှတ်ဘဲ စစ်အာဏာရှင်တိုက်ဖျက်ရေးအမည်ဖြင့် ထွက်ပေါ်လာသော မွန်ပြည်သစ်ပါတီ (AD) က စစ်ကြေညာပြီး တစ်လတိတိ ပြည့်မြောက်သည့်ရက်တွင် စစ်ကောင်စီကို (၂) နေရာတိုင်တိုင် တိုက်ပွဲစတင်ဆင်နွှဲ လိုက်ပြီ ဖြစ်သည်။ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟု ဂုဏ်သတင်းကြီးမား နေသည့် ၎င်းတို့တပ်ဖွဲ့က မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ စစ်ရေးမဟာဗျူဟာများ ချမှတ်ပြီး စစ်ကောင်စီကို မည်ကဲ့သို့ ဆက်လက် တိုက်ဖျက်သွားမည်နည်း။ Flipbook ဖွင့်ဖတ်ပြီး ‌Download…
MSFC နှင့် အနာဂတ်မွန်ပြည်အစိုးရ

MSFC နှင့် အနာဂတ်မွန်ပြည်အစိုးရ

[နိုင်ငံရေးကဏ္ဍ] Chinland ကောင်စီမှ ချင်းပြည်အစိုးရ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)မှ IEC ခေါ် ကရင်နီပြည် အစိုးရကဲ့သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)မှ မွန်ပြည်အစိုးရတရပ် မွေးထုတ်ပေးနိုင်မလား ဆိုသည့်မေးခွန်းကို ဤစာတမ်းဖတ်ကြည့်ပြီးနောက် အဖြေတစ်ခုရရှိနိုင်သည်။ MSFC ဖြစ်တည်လာပုံသမိုင်းကျဉ်း၊ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအပေါ် MSFC အုပ်ချုပ်ရေးကော်မတီ၏ တုံ့ပြန်ဆောင်ရွက်မှုအပါအဝင် တော်လှန်ရေးကာလ၊ (ကြားကာလ) မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ သုညမူကြမ်း ရေးဆွဲပြီးမြောက်ခြင်းနှင့် MSFC  ၏ ကာကွယ်ရေးဌာန…
လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက် ( February 2024 ) Rehmonnya Institute for Civic Engagement (RICE) စစ်အာဏာသိမ်းမှု (၃)နှစ်တာ ကာလအတွင်း နိုင်ငံတဝှမ်းက လက်နက်ကိုင်ပဋိပက္ခများ လျှော့ကျလာခြင်းမရှိသေးပေ။ နိုင်ငံရေးဘောင်ကျဉ်းမြောင်းပြီး စစ်ရေးဘောင်ပိုမိုကျယ်ပြန့်လာသည်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်လမ်းစဉ်နှင့် ဖြေရှင်းခဲ့သော စစ်ကောင်စီအဖို့ ယနေ့အချိန်တွင် စစ်ရေးအရ အရေးနိမ့်နေပြီး နိုင်ငံရေး ထွက်ပေါက်မဲ့နေဆဲဖြစ်သည်။…