သမ္မတအသစ်နှင့် သမဝါယမခေတ်
" မြန်မာနိုင်ငံနေရာအချို့တွင် မိုးများပြီး ရေကြီးနစ်မြုပ်မှုကြောင့် ဒေသခံပြည်သူများ နေထိုင်စားသောက်ရေး စိုးရိမ်နေရသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၎င်း၏အာဏာစက် တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်နေပုံ ရသည်။ ယာယီသမ္မတနေရာကို မရရအောင် အတင်းလုယူလိုက်သလို စစ်ကောင်စီသက်တမ်းကိုလည်း မိမိသဘော စိတ်ကြိုက် တိုးမြှင့်နေတော့သည်။ သက်တမ်းတိုးပြီး လားရှိုးကျသလို မိန့်ခွန်းပြောပြီး ကျောက်မဲ ပါသွားပြန်သည်။ တိုင်းပြည်စီးပွားရေးအတွက် သမဝါယမစနစ် ကျင်းသုံးမည့် စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူးကြီး…
