ယ္ခုစက်တင်ဘာလအတွက် လစဉ်လူမှုစီးပွါးရေး သုံးသပ်ချက်တွင် မွန်ပြည်၏ ကျန်းမာရေးအခြေအနေကို အသားပေးတင်ပြထားပြီး ရာသီဥတုအန္တရာယ်နှင့် စက်သုံးဆီစျေးနှုန်း မြင့်တက်မှုတို့ကြောင့် ထိခိုက်လာသည့် ဒေသတွင်းစီးပွါးရေးအခြေအနေနှင့် ပညာရေးအခြေအနေတို့ကိုလည်း တင်ပြထားသည်။ ယ္ခုလအတွင်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွါးမှုသည် တစ်ဦးမှ တစ်ဦးသို့ ကူးစက်လာနိုင်လောက်သည်အထိ ဆိုးရွားလာပါသည်။ အထူးသဖြင့် ပင်လယ်ကမ်းစပ်ဒေသများတွင် အဖြစ်များနေကြပြီး ဝမ်းပျက်၊ ဝမ်းလျှောကြောင့် မြို့နယ်နှစ်ခုအတွင်း သေဆုံးသူ (၇) ဦးအထိ ရှိလာပါသည်။ ထို့ကြောင့် ဝမ်းပျက်၊ ဝမ်းလျှောအခြေအနေ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ဖတ်ရှုရမည်ဖြစ်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် မွန်ပြည်လူမှုစီးပွား အခြေအနေ
0
Share.