လူမှု-စီးပွား သုံးသပ်ချက် (မတ်လ၊ ၂၀၂၄)

လူမှု-စီးပွား သုံးသပ်ချက် (မတ်လ၊ ၂၀၂၄)

(၃) နှစ်ကျော် ကြာလာသည့် အာဏာသိမ်းမှုနှင့်အတူ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ဖြစ်သော မြန်မာ့ပညာရေး၊ ကျန်းမာရေးနှင့် လူမှု-စီးပွါး စသည့်အရာအားလုံး လိုက်ပါပြောင်းလဲလာခဲ့ပါသည်။ နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်ကို ဤသုံးသပ်ချက်စာတမ်းတွင် ဖတ်ရှုနိုင်သည်။ ယ္ခုလ၏ လူမှု-စီးပွါးသုံးသပ်ချက်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင်မှ ဆယ်တန်းမှ (၁၂) တန်းအထိ ပြောင်းလဲကျင့်သုံးခဲ့သော မြန်မာ့တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တိုက်ပွဲကြောင့် ပြည်နယ်အချို့တွင် လုံးဝဖြေဆိုနိုင်ခြင်း မရှိသည့်အကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) အချို့၏ ကျန်းမာရေးစနစ်တွင် အရေးပါလာသည့် (CDM) များအကြောင်း၊ မြန်မာ့စီးပွါးရေးအပေါ် ရိုက်ခတ်မှု ရှိလာသော စစ်မှုထမ်းဥပဒေအကြောင်းနှင့် တိုက်ပွဲကာလ၌ ဖြစ်ပေါ်နေသော ကုန်စျေးနှုန်းအခြေအနေ၊ တောင်ပိုင်းရှိ စစ်ဘေးရှောင်များ အခြေအနေ စသည့် အကြောင်းအရာများကို အဓိကအားဖြင့် ဖော်ပြထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply