■မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာမှုနှင့်အတူ နိုင်ငံအနှံ့အပြားက လက်နက်ကိုင် တိုက်ပွဲများကျယ်ပြန့်လာပြီး အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ လည်း ပိုမိုဆိုးရွားလာသည်။ မိမိတို့ ရာမညအင်စတီကျုသုတေသနဌာန(RICE)မှ မြန်မာပြည် တောင်ပိုင်းရှိ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အချိန် နှင့်တပြေးညီ ပြောင်းလဲနေသော ဒေတာအချက်အလက်များကို ပြည်သူများ သိရှိရန်ရည်ရွယ် ၍ တစုတစည်းတည်း စုစည်းတင်ပြထားခြင်းဖြစ်သည်။ RICE မှ ကောက်ယူထားသော ဒေတာ အချက်အလက်များသည် မိမိတို့လက်လှမ်းမှီရာလွတ်လပ်သောသတင်းမီဒီယာများအပေါ်အခြေခံ၍ပြန်လည်ပြုစုထားသည့်အချက်အလက်များဖြစ်သောကြောင့်မြေပြင်အခြေအနေနှင့်အနည်းငယ်ကွာဟမှုရှိနိုင်ပါသည်။သြဂုတ်လအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်ပွားသည့်ဖြစ်စဥ်အရေအတွက်၊လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့်အိုးအိမ်ထိခိုက်ပျက်စီးမှု၊မီးလောင်မှု၊အရပ်သားထိခိုက်မှု၊သေဆုံးမှုနှင့်အရပ်သားဖမ်းဆီးခံရမှုအရေအတွက် များအားအောက်တွင်ဖတ်ရှုနိုင်ပါသည်။