လေဘေး၊ ရေဘေး နှင့် စစ်ဘေး အပြင် အာဏာသိမ်းစစ်အစိုးရ၏ မူဝါဒအလွဲများမှ ရိုက်ခတ်မှုများ

လေဘေး၊ ရေဘေး နှင့် စစ်ဘေး အပြင် အာဏာသိမ်းစစ်အစိုးရ၏ မူဝါဒအလွဲများမှ ရိုက်ခတ်မှုများ

ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း မွန်ပြည်နယ်၌ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲနှင့် အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု လေဟာနယ်တို့ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို မီးမောင်းထိုးပြထားသည်။ မိုးဇလ၏ ကြိုတင်သတိပေးချက်များ ရှိသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိသည့်အပြင် ကူညီထောက်ပံ့ရေးတွင်လည်း “တရားဝင် / မတရားဝင်” ဟူသော ခွဲခြားဆက်ဆံမှုများကြောင့် အမှန်တကယ် ဒုက္ခရောက်နေသူများ ပစ်ပယ်ခံခဲ့ရသည်။ ထို့ပြင် ရေး၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်များ၌ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံပြည်သူများ စိုက်ပျိုးရေးနှင့် စားဝတ်နေရေးများ ဆိုးရွားသည့် အကြပ်အတည်းနှင့် ကြုံတွေ့နေရပြီး၊ တိုက်ပွဲမရှိသည့် ဒေသများတွင်လည်း စက်သုံးဆီ ပြတ်လပ်မှုနှင့် စားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတို့ကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ အခက်တွေ့ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်အစိုးရ၏ ပညာရေးဝန်ကြီးဌာနသည် ကျောင်းများ၏ အခြေခံ လိုအပ်ချက်များကို လစ်လျူရှု၍ စာသင်ကျောင်းများတွင် တစ်သျှူးငှက်ပျော အဓမ္မ စိုက်ပျိုးခိုင်းသည့် ဟန်ပြစီမံကိန်းများကိုသာ အကောင်အထည်ဖော်ခဲ့အခြေအနေများကို ဒီအစီရင်ခံစာတွင် လေ့လာဖတ်ရှုနိုင်ပါသည်။

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply