တိုက်ပွဲမရှိတိုင်း ငြိမ်းချမ်းနေသည်မဟုတ်

တိုက်ပွဲမရှိတိုင်း ငြိမ်းချမ်းနေသည်မဟုတ်

နိဒါန်း

ဖမ်းဆီးခံရသူများသည် ပြန်လည်လွတ်မြောက်လာနိုင်သော်လည်း သေဆုံးသူများမှာ ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ချေ။ ယခု (၂၀၂၆) ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လတာအတွင်း ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ် တို့တွင် လေကြောင်းတိုက်ခိုက်မှု (၁၀၇) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၃၆) ကြိမ်နှင့် အရပ်သား သေဆုံးသူ (၂၅) ဦး၊ ဒဏ်ရာရရှိသူ (၅၆) ဦး ရှိခဲ့ပါသည်။ RICE ၏ စစ်ရေးသုတေသီများက မြန်မာပြည် တောင်ပိုင်းရှိ စစ်ရေးပဋိပက္ခ အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာလျက် ရှိပါသည်။ ထိုသုတေသနမှ တွေ့ရှိချက်များ အပေါ် အခြေခံ၍ မြန်မာပြည်တောင်ပိုင်းရှိ မွန်ပြည်နယ်နှင့်ဆက်စပ်ဒေသ စုစုပေါင်း (၁၄) မြို့နယ်၌ စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဆိုင်ရာ အချက်အလက် များနှင့် အရပ်သားပြည်သူတို့၏ ထိခိုက်သေဆုံးမှု အခြေအနေများကို ပညာရပ်ပိုင်း ဆိုင်ရာ ရှုထောင့်မှ နက်ရှိုင်းစွာ သုံးသပ်တင်ပြသွားမည် ဖြစ်ပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply