ငြိမ်းချမ်း‌‌ရေးသုံးသပ်ချက်(ဖေဖေါ်ဝါရီလ)

0

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်နေခြင်းနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း နေချိန်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်(န.စ.က – စစ်ကောင်စီ)မှ အာဏာသိမ်းလိုက်သည်။ ထို့နောက် ပြည်တွင်းမငြိမ်သက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ရာ တစ်နှစ်ကျော်လာသည့်တိုင် စစ်ကောင်စီသည် တိုင်းပြည်၏ နေရာအနှံ့ အပြားတွင် အသစ်ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)များနှင့် နဂိုရှိရင်းစွဲ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့(EROs)တို့ကို နည်းမျိုးစုံ ဖိနှိပ်ဖြိုခွဲနေသော်လည်း ယနေ့အချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု စစ်ကောင်စီ၏ ကြိုးပမ်းမှုအခြေအနေနှင့် ဖေဖေါ်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်အချက်အလက်တချို့ကို တင်ပြသွားပေမည်။

Share.

About Author

Leave a Reply