ငြိမ်းချမ်း‌‌ရေးသုံးသပ်ချက်(‌‌ဇွန်လ)

0

မြန်မာပြည်တွင် စစ်အာဏာသိမ်းမှုကြောင့်  လက်နက်ကိုင်တော်လှန်ရေးမှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ ထိုအခြေအနေကို မထိန်းချုပ်နိုင်သော နစက စစ်ကောင်စီဥက္ကဌက ယခုနှစ် (၂၀၂၂)သည် ငြိမ်းချမ်းရေးနှစ်ဖြစ်သည်ဟုဆိုကာ လက်နက်ကိုင်တော်လှန်ရေးကို အဆုံးသတ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အား မက်လုံးပေးညှိနှိုင်း၍ အခြေအနေ တည်ငြိမ်အောင် ကြိုးပမ်းလာသည်။ သို့သော်လည်း အောက်ခြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက  တော်လှန်ရေးအင်အားစုများကို ဆက်လက်၍ ဖိနှိပ်ဖြိုခွဲနေသည်။ တော်လှန်ရေးဒေသများရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်မှာ လုံခြုံမှုမရှိတော့ပါ။ မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေချိန်တွင် ‌နေပြည်တော်ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည့် အခြေအနေနှင့် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဆိုင်ရာ ဖြစ်ရပ်အချက်အလက်အချို့၊ မြန်မာပြည်တောင်ပိုင်း စစ်ဘေးဒုက္ခသည် အခြေအနေနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့ တုံ့ပြန်ခဲ့သည့် အကြောင်းကို ဖော်ပြသုံးသပ်သွားမည်။

 

Share.

About Author

Leave a Reply