ဖက်ဒရယ်ခရီး …… ပြည်သူများ၏ ဖက်ဒရယ်အပေါ်အမြင် သုတေသနစာတမ်း

ဖက်ဒရယ်ခရီး …… ပြည်သူများ၏ ဖက်ဒရယ်အပေါ်အမြင် သုတေသနစာတမ်း

 

ပြည်သူများ၏ ဖက်ဒရယ်အပေါ်အမြင် သုတေသနစာတမ်း ထုတ်ပြန်ခြင်း

 

"ဖက်ဒရယ်ခရီး …… ပြည်သူများ၏ ဖက်ဒရယ်အပေါ်အမြင် သုတေသနစာတမ်း"

ရာမညအင်စတီကျုသုတေသနဌာန (RICE) က စစ်ကောင်စီမှ အာဏာသိမ်းပြီးသည့်နောက် ၂၀၂၂ခုနှစ် သြဂုတ်လအစောပိုင်းမှ ၂၀၂၂စက်တင်ဘာလအထိ ဖက်ဒရယ်အပေါ် ပြည်သူများ၏ အမြင်နှင့်ပတ်သက်ပြီး ပြုလုပ်ခဲ့သော သုတေသနစာတမ်းတစ်ခု ဖြစ်သည်။

ဤအစီရင်ခံစာတွင် အခန်း (၃) ခန်း ပါရှိကာ ပထမအခန်းတွင် ခြုံငုံသုံးသပ်ချက်နှင့် RICE သုတေသနအဖွဲ့၏ သုတေသနလုပ်ငန်းအကြောင်း ဖော်ပြထားသည်။ ဒုတိယအခန်းတွင်ကား ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးအပေါ် ပြည်သူလူထုသဘောထား တွေ့ရှိချက်များကို ဖော်ပြထားသည်။ တတိယအခန်းတွင်သုံသပ်ချက်နှင့် အကြုံပြုချက်များကို ပြထားသည်။

မြန်မာနိုင်ငံသားများသည် ဆယ်စုနှစ်ပေါင်းများစွာ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ကျင့်သုံးခဲ့သည့် ရေမြေတွင် ကြီးပြင်းခဲ့ရပြီး ဗဟိုချုပ်ကိုင်မှု ပြင်းထန်သည့် ပညာရေးစနစ်ကို သင်ကြားခဲ့သည့်အတွက် လူတို့၏ စိတ်ထား (mindset)တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ အာဏာခွဲဝေခြင်းနှင့် တန်းတူရေးအမြင်များ မရှိနိုင်သေးပေ။ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံတွင် တန်းတူရေးအမြင်၊ ခွဲခြားမှုကင်းမဲ့သောအမြင်နှင့် လေးစားအသိအမှတ်ပြုသော အမြင်များ ဖြစ်ပေါ်လာရေးတို့အတွက် ဖက်ဒရယ်သဘောတရားများ၊ ဖက်ဒရယ်ပြည်ထောင်စု၏ စံတန်ဖိုးများနှင့် လူအခွင့်အရေးစံနှုန်းတို့အား နားလည်သဘောပေါက်ရန် ပညာပေး လုပ်ဆောင်ရမည် ဖြစ်သည်ဟု ပြည်သူလူထုမှ တိုက်တွန်းထားသည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply