နွေခေါင်ခေါင် ပူလောင်နေသည့် ရာသီဥတုဒဏ်ကြားတွင် စစ်မီးကလည်း လောင်မြိုက် နေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နံပါတ် (၁) နေရာတွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားမှုကို ဆက်လက်ထိန်းထားနိုၚ်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု ခေါ်သော ငြိမ်းချမ်းရေးသစ်ပင် ပန်းမံများ စိုက်ပျိုးလာခဲ့သော်လည်း စိုက်နည်းစနစ်များ မှားယွင်းနေခြင်း ကြောင့် အပင်ရှင်သန်ပေါက်ဖွားရန် ခက်ခဲလှသည်။ ယခုမတ်လ ငြိမ်းချမ်းရေးသုံးသပ်ချက်တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုအခြေအနေ၊ တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာဒေသများ၊ ဆင်ခြင်သုံးသပ်စရာ ကိန်းဂဏန်းအချက်အလက်များအပြင် မြန်မာ့အရေးနှင့် ပတ်သက်၍ သတိပြုစရာ နိုင်ငံတကာ တုံ့ပြန်မှုများကို ဖတ်ရှုလေ့လာရပေမည်။
ငြိမ်းချမ်းရေးသုံးသပ်ချက်(မတ်လ)
0
Share.