ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ Vs အားကောင်းသည့်တော်လှန်ရေး

0

အပတ်စဉ်သုံးသပ်ချက်

July 15, 2023

မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို စစ်အုပ်စုက ယခုအချိန်အထိ ဖယ်ထုတ်၍ မရသေးပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့တန်းတင်လာပါက အာဏာရှင် အမြစ်ဖြုတ်မည့် နွေဦးတော်လှန်ရေးအတွက် စိန်ခေါ်မှုကြီးတရပ်လည်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုတို့ နိုင်ငံရေးချိန်ခွင်လျှာ ပြုလုပ်တော့မည်လော။

မင်းအောင်လှိုင်ခေါင်းဆောင်သည့် ဖက်ဆစ်စစ်တပ်က အားလုံးလက်ခံထားသည့် နိုင်ငံရေးမှ ထွက်ခွါရေးမူကို အစဉ်ပယ်ချပြီး ပြည်သူ့အုပ်ချုပ်ရေးအစား စစ်အုပ်ချုပ်ရေးဖြင့်သာ တိုင်းပြည်ကို  ဆက်လက်အုပ်ချုပ်လိုသည့် သဘောရှိသည်။ ဗမာအညာဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စစ်ရေးအရ အကူအညီပေးနေသည့် KIO/KIA ၏ အုပ်ချုပ်ရေးနယ်မြေကို စစ်ကောင်စီက စစ်ရေးဖြင့် ခြိမ်းခြောက်မှုများ တဖန်ပြုလုပ်လာသည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးပြုလုပ်ရာတွင်လည်း လူစုံအဖွဲ့စုံမဟုတ်ဘဲ အထူးသဖြင့် PPST အဖွဲ့ဝင်အချို့နှင့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့တို့သာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တိုးတက်မှုမှာ ဆံချည်မျှင် တစ်မျှင်မျှ ရှာမတွေ့ခဲ့ပေ။ ယင်းအကျပ်အတည်းကို ကျော်ဖြတ်ရန် စစ်ကောင်စီဘက်က  ငြိမ်းချမ်းရေး ညီလာခံပြုလုပ်လိုကြောင်း ညာသံပေးလာသော်လည်း အရာမထင်သေးပေ။

နိုင်ငံတကာအသိုက်အဝန်းမှ အာဆီယံအား မြန်မာ့အရေးဖြေရှင်းရန် ဗဟိုချက်အဖြစ် ရှုမြင်ပြီး တွန်းအားပေးနေသော်လည်း အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ပြီးနောက် (၂) နှစ် နီးပါးကြာခဲ့သည့်တိုင် ထိုအထဲမှ အချက်တစ်ချက်ကိုမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့် အခြေအနေဖြစ်နေသည်။ အာဆီယံအတွင်းမှာလည်း မြန်မာ့နိုင်ငံရေးကြောင့် သဘောထားကွဲလွဲမှု အက်ကြောင်း ထင်လာခဲ့ရသည်။

Share.

About Author

Leave a Reply