စစ်ကောင်စီဝါဒဖြန့်မှုအပေါ် တိုက်ဖျက်ခြင်း၊ ကရင်အချင်းချင်းပြဿနာနှင့် ရခိုင်တိုက်ပွဲခေါ်သံ

0

 

၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် တော်လှန်ရေးအင်အားစုများဘက်ခြမ်းက စစ်ရေးအရှိန် မြှင့်တင်မည့် ကာလ ဖြစ်သည်။ ဤအချိန်တွင် စစ်ကောင်စီဘက်က စစ်ရေးအရ အသာစီးရယူရန် ခက်ခဲလာပုံပေါ်သည်။ သို့ဖြစ်၍ ယုတ်ညံ့သော နိုင်ငံရေးကစားကွက်ဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အထင်အမြင်လွဲမှားမှု ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို လက်လွတ်စပယ် ချနင်းတော့သည်။ သို့သော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို လူအများက လက်မခံ။ တိုင်းရင်းသားပြည်သူအများစုက ဆန့်ကျင်ပြီး ယခုအချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကလည်း လူလုံးမပြနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။ ဤအခြေအနေတွင် နောက်ထပ်အုပ်ချုပ်ရေးပြဿနာအသစ် ထပ်မံပေါ်ပေါက်လာသည်။ နယ်မြေမထိန်းချုပ်နိုင်တော့သည့် စစ်ကောင်စီအုပ်ချုပ်ရေးနေရာတွင် အစားထိုးဝင်ရောက်မည့် ကရင်လက်နက်ကိုင်တပ်အချင်းချင်းကြား ပြဿနာကလည်း မသေးလှပေ။   ယခုအချိန်တွင် မြန်မာပြည်တောင်ပိုင်း၌ ဖြစ်ပွားသည့် တိုက်ပွဲပုံစံလည်း ပြောင်းလဲလာနေသည်။ တော်လှန်ရေးအင်အားစုများဘက်က ခုခံစစ်မှ တိုက်စစ်ပုံသဏ္ဍာန်သို့ ကူးပြောင်းစပြုလုပ်နေသည် ကိုလည်း တွေ့ရှိရပေမည်။ နောက်ဆုံးအပိုင်းတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာက မည်ကဲ့သို့တုံ့ပြန်ထားပါသနည်း။ ရက်သတ္တပတ်အတွင်း အမေရိကန်၊ ဗြိတိန်၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့၏ အမြင်ကိုလည်း ဤစာတမ်းတွင် လေ့လာဖတ်ရှုနိုင်လိမ့်မည်။

Share.

About Author

Leave a Reply