ကော်သူးလေ၊ ရာမညမွန်ပြည် စသည့် ဖက်ဒရယ်ယူနစ်ပြဿနာများနှင့် အင်န်စီအေပဟေဠိ

ကော်သူးလေ၊ ရာမညမွန်ပြည် စသည့် ဖက်ဒရယ်ယူနစ်ပြဿနာများနှင့် အင်န်စီအေပဟေဠိ

ယခုတပတ် RICE ၏ အပတ်စဉ်သုံးသပ်ချက်တွင် မြန်မာပြည်တောင်ပိုင်းရှိ မွန်နှင့်ကရင်ကြား ဖက်ဒရယ်ယူနစ်ပြဿနာနှင့် ပတ်သက်၍ အနည်းငယ်တူးဆွထားသည်။ ကော်သူးလေပြည်နယ်နှင့် ရာမညမွန်ပြည်၏ နယ်မြေထပ်နေမှုက မွန်ကရင်ပဋိပက္ခဖြစ်ပွားမှုကို ဦးတည်နေသည်။ လက်ရှိအချိန်  နယ်မြေစိုးမိုးမှုနိုင်ကို ကြည့်ပါက ကရင်အမျိုးသားအစည်းအရုံး KNU/KNLA က မွန်ပြည်သစ်ပါတီ၏ MNLA ထက် အဆပေါင်းများစွာ အားသာနေသည်။ တဖက်တွင်လည်း စစ်ကောင်စီက  ငြိမ်းချမ်းရေး မအောင်မြင်မှုနှင့် စပ်လျဥ်း၍ တိုင်းရင်းသားတော်လှန်ရေးတို့အပေါ် အပစ်ဆိုလာပြန်သည်။ စင်စစ် ၎င်းတို့၏ စေတနာမမှန်မှုကြောင့် ဖြစ်သည်။ စစ်ရေးအရ အသာစီးမှုမရနိုင်တော့သည့် စစ်ကောင်စီက NCA ကို ဖက်တွယ်ပြီး EROs  အချို့ကို ထိန်းချုပ်ထားချင်သည်။ NCA ကို ဖက်တွယ်ထားသော်လည်း စစ်တပ်က NCA ကို လိုက်နာခြင်းအလျဥ်းမရှိပေ။ ထို့ကြောင့် NCA ပျက်ပြီဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။ သို့သော်လည်း မွန်ပြည်သစ်ပါတီက NCA ကို ကိုင်စွဲပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေပြန်သည်။ NCA က ယခုအချိန်တွင် ပဟေဠိ ဖြစ်နေသည်။ NCA ဟူသည်ကား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်သည်။ လက်ရှိအချိန်တွင် တိုင်းနှင့်ပြည်နယ်အားလုံးနီ့းပါးတွင် ပစ်ခတ်တိုက်ခိုက်နေသည်။ ထို့ကြောင့် NCA က ပကတိအခြေအနေနှင့် လုံးဝကိုက်ညီမှုမရှိကြောင်း သုံးသပ်တင်ပြထားပြီး နောက်ဆုံးတွင် မြန်မာ့အရေး အပေါ် နိုင်ငံတကာ၏ တုံ့ပြန်ပြောဆိုမှုအကြောင်းကို ဆက်လက် ဖတ်ရှုရမည် ဖြစ်ပေသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply