ရွေးကောက်ပွဲနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပြုထားသည့် ပါတီ (၇)ပါတီနှင့် တိုင်းနဲ့ပြည်နယ်အဆင့် ခွင့်ပြုထားထားသည့် ၂၉ ပါတီရှိကြောင်း၊ ပါတီ ၃၆ ခုမှာ ပါတီအသစ် (၆)ပါတီ ပါဝင်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုသည်။ စစ်ကောင်စီသည် လျော့နည်းလာသည့် စစ်အင်အားကို ကုစားရန် အုပ်ချုပ်ရေးဝန်ထမ်းများ အပြင် စစ်ရှောင်ဒေသခံအချို့ကိုပါ စစ်မှုထမ်းစေရန် လုပ်ဆောင်လာပါသည်။ အာဏာသိမ်းမှုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကဏ္ဍသည် ယ္ခုအချိန်အထိ အလားအလာမဲ့နေဆဲ ဖြစ်သည်။ စစ်တပ်၏ အာဏာသိမ်းမှု လုပ်ရပ်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များက မြန်မာ့တပ်မတော် (စစ်ကောင်စီ) အပေါ် အယုံအကြည် ကင်းမဲ့ခဲ့သည်။ ယ္ခုအချိန်အထိလဲ အယုံအကြည် ကင်းမဲ့နေဆဲ ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးအတွင်း ပါဝင်နေသည့် (EAO) များသည် တွေ့ဆုံဆွေးနွေးရေးရန် သင့်တော်သည့်အချိန် မဟုတ်သည့်အတွက် စစ်ရေးဘက်ကိုသာ ပိုမိုဦးတည်နေသည်ကို တွေ့ရသည်။ UNOCHA ဒုတိယ အထွေထွေအတွင်းရေးမှူးအနေဖြင့် လူသားစာနာအကူအညီ လိုအပ်နေသော မြန်မာပြည်သူလူထု အတွက်ဟုဆိုကာ ရန်ပုံငွေရရှိရေးကို ဦးစားပေးထုတ်ပြန်သကဲ့သို့ အာဏာသိမ်း စစ်အုပ်စုသည်လည်း နိုင်ငံတကာ အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အခြေအနေမှန်ကို မသိရှိကြောင်း ပြန်လည်တုံ့ပြန်ထားသည်။
ရွေးကောက်ပွဲလေသံ၊ ကေအိုင်အို ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် KA စစ်ဦးစီးချုပ်တို့ သုံးသပ်ချက်
0
Share.