ငြိမ်းချမ်းရေးသုံးသပ်ချက် (သြဂုတ်လ)
သြဂုတ်လ၏ ငြိမ်းချမ်းရေးသုံးသပ်ချက်တွင် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းနှင့်အတူ တိုက်ရိုက်အချိုးကျသည့် အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်ရသည့်အကြောင်း၊ တော်လှန်ရေးအင်အားစုတို့က တိုင်းရင်းသားလက်နက်ကိုင်များ တည်ရှိရာ တောတောင်ဒေသမှတဆင့် မြို့ကြီးပြကြီးအတွင်းသို့ တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာသည့် အကြောင်းကို ပထဝီရှုထောင့်အရ လေ့လာတင်ပြထားသည်။ ဗမာ့/မြန်မာတပ်မတော်၏ စစ်ရာဇဝတ်မှု ချိုးဖောက်မှုကြောင့် NCA ပျက်ပြီဟု ယူဆသော အဖွဲ့များ ရှိသလို NCA ပါ ပြဌာန်းချက်အတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) တပ်ဖွဲ့များလည်း ရှိနေပြန်သည်။ ထို့ကြောင့် NCA နှင့် ပတ်သက်၍ အမြင်သဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တို့အတွက် သတိပြုစရာ စစ်တပ်၏ နိုင်ငံရေးထောင်ချောက် ရှိသည့် အကြောင်းကို သတိပေးထားသည်။ ထို့နောက် နိုင်ငံတကာ စာမျက်နှာတွင် မြန်မာ့အရေးနှင့် စပ်လျဥ်းသော အာဆီယံ၏ ချဥ်းကပ်မှုပုံစံအကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။