နွေဦးတော်လှန်ရေး ရက်ပေါင်း (၁၀၀၀) ပြည့်ခဲ့လေပြီ။ စစ်ရေးပဋိပက္ခ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေလည်း (၁၁,၀၀၀) မက ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မြန်မာပြည်ငြိမ်းချမ်းရန် အလားအလာ မရှိသေးပါ။ အကြောင်းမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာခြင်းကြောင့် ဖြစ်သည်။ အောက်တိုဘာလအတွင်း ထူးခြားသည့် စစ်ရေးဖော်ဆောင်မှုများကို တွေ့ရှိရသည်။ အထူးသဖြင့် ရှမ်းမြောက်ဒေသတွင် ကိုးကန့်အိမ်ပြန်ခရီးဟု တင်စားရလောက်အောင် စစ်ကောင်စီတပ်စခန်းပေါင်း မြောက်များစွာကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုဂယက်ကြောင့် မြန်မာပြည်အောက်ပိုင်းဒေသရှိ တော်လှန်ရေးအဖွဲ့များကလည်း အားရ၍ အချိန်ကိုက် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။ စစ်ရေးအရှိန်ပိုမိုကောင်းမွန်လာခြင်းကြောင့် လာမည့် ၂၀၂၄ ခုနှစ်တွင် ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ ဤအခြေအနေတွင် မြန်မာပြည်အတွက် ငြိမ်းချမ်းရေးပြုလုပ်မည် ဆိုပါက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လွမ်းစရာ အလျဉ်းမရှိတော့ပါ။ စစ်ကောင်စီသည် (NCA) စာချုပ်ကို လွန်လွန်ကျူးကျူး ချိုးဖောက်ထားသည်။ ထို့ကြောင့် နွေဦးတော်လှန်ရေးအုပ်စုက ဖောက်ပြန်ရေးသမားတို့ ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်ရှိမည်မဟုတ်။ ယခုအခါ မြန်မာပြည်၏ ထာဝရငြိမ်းချမ်းရေးအတွက် (NCA) မဟုတ်သော လမ်းကြောင်းသစ်ရှာဖွေရန် လိုအပ်နေပြီး ကမ္ဘာ့အဖွဲ့အစည်းများက ဝင်ရောက်ကြိုးပမ်းပေးမှသာ အကောၚ်အထည်ဖော်နိုင်ပေလိမ့်မည်။
၁၀၂၇ စစ်ဆင်ရေး၊ ထူးခြားတိုက်ပွဲများနှင့် နိုင်ငံတကာတုံ့ပြန်မှုများ
0
Share.