ရက္ခိုင့်အချုပ်အခြာအာဏာနှင့် တကျော့ပြန်စစ်ပွဲ

ရက္ခိုင့်အချုပ်အခြာအာဏာနှင့် တကျော့ပြန်စစ်ပွဲ

ငြိမ်းချမ်းရေးသုံးသပ်ချက်

နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်

မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်တွင် ဒေသခံများအနေနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်သာ လုံးပမ်းနေရပြီး ယခုအခါ အဆင်ပြေရုံ အခြေအနေသာ ရှိဦးမည်။ သို့သည့်တိုင် ကံတရားက ရခိုင်ဒေသခံများအတွက် မျက်နှာသာ မပေးခဲ့ပေ။ ၁၀၂၇ စစ်ဆင်ရေးဂယက်က ရခိုင်ပြည်တွင်းသို့ ဝင်ရောက်ပျံ့နှံ့လာပြီး အချိန်အတိုင်းအတာတစ်ခုအထိ ရခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ အပစ်ရပ်ထားသည့် ကတိကဝတ်လည်း ပျက်ပြယ်ခဲ့ရသည်။ စစ်၏ ဆိုးမွေကို ရခိုင်ပြည်သူများ ခံကြရမည်ဖြစ်သော်လည်း ရခိုင်လူမျိုးတို့ အချုပ်အခြာအာဏာအတွက် ရောင်နီသန်းလာသည့်အချိန်တွင် ရခိုင့်တော်လှန်ရေးက ရှေ့ဆက်မောင်းနှင်လျက်ရှိသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply