အပတ်စဥ်သုံးသပ်ချက် (November 3rd week 2023)

အပတ်စဥ်သုံးသပ်ချက် (November 3rd week 2023)

NLD ပါတီမှ အာဏာရှင်ဆန်ဆန် ပြုလုပ်သည့် အပြုအမူမျိုး ရှောင်ကျဉ်သင့်သည်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRTH) က အတည်ပြုလိုက်သည့် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဥပဒေမူကြမ်းအပေါ် မြိတ်နှင့် ထားဝယ်ရှိ နိုင်ငံရေး အင်အားစုများက ကန့်ကွက်ကြသည့်ကိစ္စက သာမန်မဟုတ်ပါ။ ယခုအခါ ဆောင်းရာသီသို့ ကူးပြောင်းသွားပြီ ဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင် မီးဘေးမှလွဲ၍ ကျန်သဘာဝဘေး အန္တရာယ်များ ကျရောက်နိုင်သည့် အလားအလာ မရှိပေ။ သို့သော်လည်း စစ်ကောင်စီ၏ ညွှန်ကြားစာပါ သဘာဝဘေး အန္တရာယ်အတွက် ဆိုသည့်အချက်သည် ကာလံဒေသံနှင့် ကိုက်ညီမှုမရှိသော နေပြည်တော်အစိုးရ လုံခြုံရေးသက်သက်သာ ဖြစ်သည်။ နိုင်ငံရေးတွင်လည်း အထီးကျန်ပြီး လူရာသွင်းခြင်း မခံရသည့်အပြင် စစ်ရေးအရပါ အရေးနိမ့်လာသည့် စစ်ကောင်စီသည် နိုင်ငံရေးအလှည့်အပြောင်း တစ်ခုကို မလွဲမသွေ လက်ခံရတော့မည် ဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီအတွက် အဆုံးအဖြတ်တိုက်ပွဲနှင့် ကျဆုံးခန်း ဖြစ်သွားမည်လော။ ဤအခြေအနေတွင် နိုင်ငံရေးအရ အာရုံလွှဲမှုများကို စစ်ကောင်စီဘက်က လုပ်ဆောင်လာနိုင်သည်ကို တော်လှန်ရေးအင်အားစုဘက်မှ အထူးသတိထားရပေမည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply