လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက်

( December  လအတွင်း မြန်မာနိုင်ငံ၏ လူမှု- စီးပွားသုံးသပ်ချက်)

Rehmonnya Institute for Civic Engagement (RICE)

 

မြန်မာနိုင်ငံသည် ငြိမ်းချမ်းမှုနှင့် ဆက်လက် အလှမ်းဝေးနေဦးမည်ဖြစ်သည်။ နိုင်ငံတဝှမ်းက ဟန်ချက်ညီ ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်ပြီးနောက်  ပြည်တွင်းစစ်မီး၏အရှိန်အဟုန်သည် ပိုမိုအားကောင်း တောက်လောင်ခဲ့သည်။ ၂၀၂၄ မှာလည်း စစ်ငြိမ်းမည့် အလားအလာမတွေ့ရဘဲ  နိုင်ငံအနှံ့အပြားက ခေတ်သစ် ပြင်ထန်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။  တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ တဖက်တွင် နိုင်ငံ့တိုးတက်မှုနှုန်းသည်လည်း အောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ ကမ္ဘာ့ဘဏ် အစီအရင်ခံစာ၏ ဖော်ပြချက်အရ ယခု ၂၀၂၄ မှာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းသာ ရှိတော့သည်။ စီးပွားရေးပြိုလဲနေပြီဟု UNDP က မှတ်ချက် ပြုထားသည်။

ကိုဗစ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို အလူးအလဲ ခံစားခဲ့ရသော ပြည်သူများသည် ယခုအခါ စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုတို့ကြောင့် ကြီးမားသော ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာများ၊ အလုပ်အကိုင်ရှားပါးမှု ပြဿနာများနှင့် ငတ်မွတ်မှုပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရသည်။ အဖက်ဖက်မှ ယိုယွင်းပျက်စီးရှိပြီး ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးလမ်းခရီးသည်လည်း မှေးမှိန်လျက်ရှိသည်။ ထို့ကြောင့် မြန်မာပြည်သူများ ဒုက္ခအသွယ်သွယ်နှင့် ဆက်လက် ရင်ဆိုင်ကြုံတွေ့ နေရဦးပေမည် ဖြစ်သည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply