တောင်ပိုင်းစစ်ဒေသ တိုက်ပွဲခေါ်သံ

0

[စစ်ရေးပဋိပက္ခကဏ္ဍ]

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)ကို ချေမှုန်းမည်ဟု ကြွေးကြော်ထားသော စစ်ကောင်စီတပ်က တော်လှန်ရေးကာလ (၃) နှစ်အတွင်း ရောက်ရှိလာချိန်တွင် ထိုးစစ်မှ ခံစစ်အသွင်သို့ ကူပြောင်းသွားပြီ ဖြစ်သည်။ ယခုစာတမ်းတွင် ပြောက်ကျားစစ်ဆၚ်ရေးမှ စခန်းသိမ်း/မြို့သိမ်းတိုက်ပွဲအထိ ဖော်ဆောင်လာနိုင်ဖွယ်ရှိသည့် မွန်ပြည်နယ်အတွင်း စစ်ရေးအခြေအနေကို အသားပေးဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းစစ်ဒေသအတွင်း ပါဝင်နေသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ စုစည်းမှုအားကောင်းလာြခင်းနှင့်အတူ (NUG)၏ ဒုတိယကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွက်နှင့် စုပေါင်းတွေ့ဆုံပြီး ဖြစ်ပေါ်လာနိုင်သည့် အကြောင်းစုံကို ဖော်ပြရေးသားသွားမည်။

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။
ရုပ်သံကြည့်ရှုရန် >>>

Share.

About Author

Leave a Reply