ဇန်နဝါရီလငြိမ်းချမ်းရေးသုံးသပ်ချက်တွင် ဗဟိုအစိုးရက လုံးဝမထိန်းချုပ်နိုင်သည့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်ဒေသအချို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်သစ် အကြောင်းကို ကနဦးဖတ်ရှုရမည်။ ယ္ခုနှစ်သစ်အတွင်း တောင်ပိုင်းဒေသ၌ ပြင်းထန်တိုက်ပွဲ ဖြစ်ပွါးလာနိုင်သည်ကို “တောင်ပိုင်းစစ်ဒေသ တိုက်ပွဲခေါ်သံ” အမည်နှင့် အပတ်စဉ် ငြိမ်းချမ်းရေး သုံးသပ်ချက်တွင် ဖော်ပြထားပြီး သုံးသပ်တင်ပြထားသည့်အတိုင်း တောင်ပိုင်းစစ်ဒေသအတွင်း တော်လှန်ရေးအင်အားစုများဘက်က နယ်မြေစိုးမိုးထားမှုကြောင့် တိုက်ပွဲဖော်ဆောင်မှုတွင် အသာစီးရရှိခဲ့ကြသည်ကို တွေ့ရသည်။ တစ်ဖက် စစ်ကောင်စီအနေနှင့်လည်း စစ်ရေးဆိုင်ရာ ကြိုးပမ်းမှုတချို့ကို လုပ်ဆောင်လာသောကြောင့် တောင်ပိုင်းစစ်ဒေသအတွင်း ပြင်းထန်တိုက်ပွဲ ဖြစ်ပွါးမှုကို ပို၍ တွန်းအားဖြစ်စေပါသည်။ နိုင်ငံတကာမျက်နှာစာတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ ရတက်မအေးဖြစ်ရပြီး ယခုအချိန်အထိ စိုးရိမ်ပူပန်နေရဆဲ ဖြစ်သည်။ တဖန် စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း အသီးသီးထုတ်ပြန်ခဲ့ပြီး တရုတ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။
ငြိမ်းချမ်းရေးသုံးသပ်ချက် (ဇန်နဝါရီလ၊ ၂၀၂၄ ခုနှစ်)
0
Share.