လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက်

( January 2024 )

Rehmonnya Institute for Civic Engagement (RICE)

 

မြန်မာပြည်သည် ငြိမ်းချမ်းမှုနှင့် ဆက်လက်အလှမ်းဝေးဦးမည်ဖြစ်သည်။ နိုင်ငံရေးပြဿနာကို အကြမ်းဖက်လမ်းစဉ်နှင့်ဖြေရှင်းခဲ့သော စစ်ကောင်စီအဖို့ ယနေ့အချိန်တွင် ခေတ်အဆက်ဆက်က မကြုံဖူးသည့် ရှုံးနိမ့်မှု များနှင့်  ရင်ဆိုင်နေရသည်။ နိုင်ငံအနှံ့အပြားက  စစ်ရေးပဋိပက္ခအရှိန်အဟုန်သည် ယမန်နှစ်များထက်  ပိုမိုအား ကောင်းလာသည်။ တဖက်တွင် ဒီမိုကရေစီအစိုးရလက်ထက်က ဆယ်စုနှစ်တစ်ခုစာ တည်ဆောက်ထားသော  စီးပွားရေးစနစ်ကြီးသည်လည်း ပြိုကျပျက်စီးလျက်ရှိပေသည်။ စစ်ရေးအရအထိနာနေပြီး နိုင်ငံရေးထွက်ပေါက်မဲ့နေသည့် စစ်ကောင်စီသည် စီးပွားရေးများ ပြန်လည်နလန်ထူလာအောင် မစွမ်းဆောင်နိုင်သေးပေ။ အခြားအရေးကြီးသော ကျန်းမာရေး၊ ပညာရေးကဏ္ဍသည်လည်း ဆိုးရွားသထက်ဆိုးရွားလာသည်။ ပြည်သူလူထု အားကိုးရသော ကျန်းမာရေးစနစ်၊ လူတိုင်းလက်လှမ်းမှီသော ပညာရေးစနစ်တို့နှင့် အလှမ်းဝေးလျက်ရှိသည်။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့သည့်တိုင်းပြည်၊ ကျရှုံးနိုင်ငံတော် (Failed State)အဖြစ် ရောက်ရှိနေသည့်တိုင်းပြည်ဟု ဆိုနိုင်ပေသည်။ စစ်အာဏာရှင်စနစ်မပြုတ်ကျသရွေ့ ပြည်သူလူထုများ ယင်းအကျိုးဆက်များကို ခံစားရဦးမည် ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply